ပလက်ဝမြို့အနီးတွင် ရဟတ်ယာဉ်တစ်စီးပစ်ချဟုအေအေတပ်ဖွဲ့ကထုတ်ပြန်ပေမယ့် ဒေသခံများငြင်းဆို

ပလက်ဝမြို့အနီးတွင် ရဟတ်ယာဉ်တစ်စီးပစ်ချဟုအေအေတပ်ဖွဲ့ကထုတ်ပြန်ပေမယ့် ဒေသခံများငြင်းဆို

ရဟတ်ယာဉ်ပစ်ချတယ်လို့ ဆိုတဲ့ AA ဘက်က  မြေပုံထုတ်ပြန်ချက်

ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာမှ ၅ မိုင်အကွာတွင် M 17 လို့ယူဆရတဲ့ ရဟတ်ယာဉ်တစ်စင်းကို စက်တင်ဘာ (၅)ရက်နေ့ နေ့လည် (၃)နာရီခွဲခန့်တွင် ရက္ခိုင့်တပ်မတော်က ပြစ်ချခဲ့တယ်လို့ ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ (၆)ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။

အေအေတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် (Mi 17 ဟုယူဆရသော) ရဟတ်ယာဉ်တစ်စင်းအားရက္ခိုင့်တပ်တော်မှပစ်ချနိုင်ခဲ့သည်။ ရဟတ်ယာဉ်သည် ကင်းတလင်းရွာ၊ အနောက်မြောက်(၅.၅) ကီလိုမီတာ(၅ မိုင် ၅ ဖာလုံ)အကွာအဝေး၊(သို့မဟုတ်) Laung Yet Taung လောင်းရပ်တောင်၊အနောက်ဖက်(၂.၄) ကီလိုမီတာ) (သို့မဟုတ်) ခန်ခတောင်တန်း၏အရှေ့ဖက်(၉၀၀ မီတာ) အကွာအဝေးရှိချောက်ထဲသို့ထိုးဆင်းကျသွားခဲ့သည်။ဓာတ်ပုံအထောက်အထားများရရှိရန် မိမိတို့အနေဖြင့် ကြိုးစားလျှက်ရှိသည်လို့ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပလက်ဝမြို့နယ် မီးဇာကျေးရွာမှာနေထိုင်တဲ့ ကင်းတလင်းရွာသားတစ်ဦးကိုမေးမြန်းရာ “ကျနော်တို့ကတော့ ဘာသတင်းမှမကြားရဘူးနော်။ ကင်းတလင်းရွာမှာလည်း ဘယ်သူမှမရှိတော့ဘူး။ ဖြစ်တယ်ဆိုရင်လည်း ကင်းတလင်းရွာနဲ့အနီးဆုံး သာယာကုန်းရွာသားတွေ ဒီမနက် မီးဇာရွာမှာလာကြပေမယ့် ဘာမှမပြောဘူး။ ရဟတ်ယာဉ်ပစ်ချတယ်ဆိုတဲ့ လောင်းရပ်တောင်နဲ့ သာယာကုန်းရွာက ခြေခြေနဲ့ တစ်နာရီလောက်ပဲသွားရတယ်။ ပြီးတော့ တကယ်ဖြစ်တယ်ဆိုရင်လည်း မီးဇာရွာကနေ လှမ်းမြင်လို့ရတယ်လေ” လို့ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိရဉ္စရာသတင်းကိုဖြေကြားထားပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်