ပလက်ဝတွင် မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းဆရာ၊မ (၂၀၀)ကျော်က ပြောင်း၊တိုးဖို့လျှောက်ထား

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်နေတဲ့ ပလက်ဝမြို့နယ်မှ ပညာရေးမှူးအပါအဝင် ကျောင်းဆရာ၊မ (၂၀၇)ဦးက ပြောင်းရွေ့၊ ရာထူးတိုးဖို့လျှောက်ထားကြတယ်လို့သတင်းရရှိပါတယ်။

၎င်းတို့ထဲတွင် မြို့နယ်ခြား အပြောင်းလျှောက်သူ (၅၆)ဦး၊ တိုင်းခြားအပြောင်းလျှောက်သူ(၃၉)ဦး၊ မြို့နယ်ခြား အတိုးလျှောက်သူ (၈၃)ဦး၊ တိုင်းခြား အတိုးလျှောက်သူ (၂၉)ဦး စုစုပေါင်း (၂၀၇)ဦးရှိပါတယ်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “လုပ်သက်တစ်နှစ်ပြည့်သူအားလုံး ပြောင်း၊တိုးလျှောက်ခွင့် ရှိလို့လျှောက်ကြတာ။ အားလုံးပြောင်းချင်မှပြောင်းမယ်။ တိုးချင်မှတိုးမယ်။ ကျနော်လည်း ဒီမှာလုပ်သက်တစ်နှစ်ပြည့်တော့ ပြောင်းဖို့လျှောက်ထားတယ်။ ဘယ်နေရာပြောင်းမလဲတော့မသိဘူး။ လစ်လပ်တဲ့နေရာပြောင်းမှာပေါ့။ အခု ပြောင်း၊ တိုးလျှောက်တဲ့သူတွေထဲမှာ မကွေး၊ မန္တလေး၊ စစ်ကိုင်းကနေ လာတဲ့သူအများဆုံးလျှောက်ကြတယ်။ ဒေသခံ ဝန်ထမ်းတွေကတော့ မြို့နယ်တွင်း တောင်ကနေ မြောက်အရပ်ကိုပြောင်းဖို့ လျှောက်တဲ့သူလည်းရှိတယ်။ အခု ပြောင်း၊ တိုးလျှောက်တဲ့စာကိုပြည်နယ်ကိုပို့လိုက်ပြီ။ အဖြေကတော့ မေလအတွင်းထွက်မယ်ထင်တယ်။ လက်တလော ဆရာဆရာမ အင်အားက အများကြီးလိုနေသေးတယ်။ ဒါပေမယ့် ကျောင်းပိတ်ရတဲ့အဆင့်ထိတော့မဟုတ်ဘူး” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဆရာ ဆရာမလိုအပ်ချက်မြင့်မားလို့ ၉ တန်းအောင်ကစပြီး ဒေသခံ (၃၆၀)ဦးကို နေ့စားလပေးအဖြစ် မနှစ်ကခန့်အပ်ခဲ့ပါတယ်။

အရင်နှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပလက်ဝမြို့နယ်မှ ဆရာ၊ ဆရာမ (၂၅၀)ကျော် ပြောင်းရွေ့ခွင့်ပေးခဲ့ပါတယ်။

(Zawgyi)

ပလက္ဝတြင္ ၿမိဳ႕နယ္ပညာေရးမႉးအပါအဝင္ ေက်ာင္းဆရာ၊မ (၂၀၀)ေက်ာ္က ေျပာင္း၊တိုးဖို႔ေလွ်ာက္ထား

တပ္မေတာ္နဲ႔ ေအေအလက္နက္ကိုင္ေတြ တိုက္ပြဲျဖစ္ေနတဲ့ ပလက္ဝၿမိဳ႕နယ္မွ ပညာေရးမႉးအပါအဝင္ ေက်ာင္းဆရာ၊မ (၂၀၇)ဦးက ေျပာင္းေ႐ြ႕၊ ရာထူးတိုးဖို႔ေလွ်ာက္ထားၾကတယ္လို႔သတင္းရရွိပါတယ္။

၄င္းတို႔ထဲတြင္ ၿမိဳ႕နယ္ျခား အေျပာင္းေလွ်ာက္သူ (၅၆)ဦး၊ တိုင္းျခားအေျပာင္းေလွ်ာက္သူ(၃၉)ဦး၊ ၿမိဳ႕နယ္ျခား အတိုးေလွ်ာက္သူ (၈၃)ဦး၊ တိုင္းျခား အတိုးေလွ်ာက္သူ (၂၉)ဦး စုစုေပါင္း (၂၀၇)ဦးရွိပါတယ္။

ပလက္ဝၿမိဳ႕နယ္ ပညာေရးမႉး ဆလိုင္းေအာင္မင္းက “လုပ္သက္တစ္ႏွစ္ျပည့္သူအားလုံး ေျပာင္း၊တိုးေလွ်ာက္ခြင့္ ရွိလို႔ေလွ်ာက္ၾကတာ။ အားလုံးေျပာင္းခ်င္မွေျပာင္းမယ္။ တိုးခ်င္မွတိုးမယ္။ က်ေနာ္လည္း ဒီမွာလုပ္သက္တစ္ႏွစ္ျပည့္ေတာ့ ေျပာင္းဖို႔ေလွ်ာက္ထားတယ္။ ဘယ္ေနရာေျပာင္းမလဲေတာ့မသိဘူး။ လစ္လပ္တဲ့ေနရာေျပာင္းမွာေပါ့။ အခု ေျပာင္း၊ တိုးေလွ်ာက္တဲ့သူေတြထဲမွာ မေကြး၊ မႏၲေလး၊ စစ္ကိုင္းကေန လာတဲ့သူအမ်ားဆုံးေလွ်ာက္ၾကတယ္။ ေဒသခံ ဝန္ထမ္းေတြကေတာ့ ၿမိဳ႕နယ္တြင္း ေတာင္ကေန ေျမာက္အရပ္ကိုေျပာင္းဖို႔ ေလွ်ာက္တဲ့သူလည္းရွိတယ္။ အခု ေျပာင္း၊ တိုးေလွ်ာက္တဲ့စာကိုျပည္နယ္ကိုပို႔လိုက္ၿပီ။ အေျဖကေတာ့ ေမလအတြင္းထြက္မယ္ထင္တယ္။ လက္တေလာ ဆရာဆရာမ အင္အားက အမ်ားႀကီးလိုေနေသးတယ္။ ဒါေပမယ့္ ေက်ာင္းပိတ္ရတဲ့အဆင့္ထိေတာ့မဟုတ္ဘူး” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ ဆရာ ဆရာမလိုအပ္ခ်က္ျမင့္မားလို႔ ၉ တန္းေအာင္ကစၿပီး ေဒသခံ (၃၆၀)ဦးကို ေန႔စားလေပးအျဖစ္ မႏွစ္ကခန႔္အပ္ခဲ့ပါတယ္။

အရင္ႏွစ္ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ ပလက္ဝၿမိဳ႕နယ္မွ ဆရာ၊ ဆရာမ (၂၅၀)ေက်ာ္ ေျပာင္းေ႐ြ႕ခြင့္ေပးခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်