ပလက်ဝပြည်သူတွေက စားနပ်ရိက္ခာသယ်ယူနိုင်ဖို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့ရဲ့ သဘောထားကိုစောင့်ကြည့်နေ

ပလက်ဝမြို့ အရပ်ဖက်အဖွဲ့အစည်းအပေါင်းစုံက မတ်လအတွင်း ကျောက်တော်နဲ့ ဆမီးမြို့ကနေ ဆန် နဲ့ စားနပ်ရိက္ခာများကို ပလက်ဝသို့ သယ်ယူမယ်လို့ လက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ကို မေတ္တာရပ်ခံအသိပေးစာကို မတ်လ (၁၀)ရက်ကထုတ်ပြန်ပါတယ်။

မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးစံမြက “ဒီစာကို ဘယ်အဖွဲ့ကိုမှလိပ်မူပြီးပို့ထားတာမရှိဘူး။ မနေ့က အွန်လိုင်းကနေတစ်ဆင့် မီဒီယာတွေကလည်းတင်တော့ သက်ဆိုင်သူတွေလည်း မြင်ကြမယ်လို့ယူဆပါတယ်။ ဒီစာကို သူတို့မြင်ပြီးရင် ဘယ်လိုပြန်တုန့်ပြန်ကြမလဲဆိုတာ ခုစောင့်ကြည့်နေတယ်။ သူတို့တုန့်ပြန်ချက်ပေါ်မူတည်ပြီး ကျနော်တို့အစည်းအဝေးပြန်ထိုင်ပြီး ဘယ်နေ့ ဆန်သယ်မလဲဆိုတာ ဆုံးဖြတ်ရအုံးမှာ။ အခု ဆမီးမြို့မှာ ဆန်တော့ရှိတယ်။ ဒါပေမယ့် သွားမသယ်ရဲကြဘူး။ ကျနော်တို့ ပလက်ဝက တော်တော်ကံဆိုးတယ်ဗျာ။ သက်ဆိုင်ရာလူကြီးတွေလည်း တကယ့် မြေပြင်အနေအထားကိုသိအောင် တစ်ခေါာက်လောက်တော့ လာရောက်စေချင်တယ်။ အိမ်တိုင်းလိုလိုမှာ ဆန်က တစ်အိတ်အပြည့်တောင်မရှိကြတော့ဘူး။ ကျနော်တို့မှာ ဘယ်သူ့ကို အားကိုးရမှန်းမသိတော့ဘူး။ ဘယ်သူ့ကို တိုင်ပင်ရမှန်းမသိဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တစ်ယောက်မှမရှိတော့ဘူး” လို့ပြောပါတယ်။

ပလက်ဝနဲ့ ဆမီးကြားမှာ ကုလားတန်စီမံကိန်းအတွက်သယ်ဆောင်လာတဲ့ ဆီနဲ့ဆန်ကို အေအေတပ်ဖွဲ့က မတ်လဆန်းလောက်က မီးရှို့

ပလက်ဝမြို့ အရပ်ဖက်ပြည်သူများ ပူးတွဲထုတ်ပြန်ချက်တွင် ရေမိုင် (၄၀)သာဝေးတဲ့ ကျောက်တော်မြို့နဲ့ ကုန်းလမ်း၊ ရေလမ်းပိတ်ထားတာ တစ်လနဲ့ (၄)ရက်ရှိကြောင်း၊ ဒါကြောင့် ပြည်သူများ ခရီးသွားလာခြင်း၊ ဆေးဝါးများဝယ်ယူခြင်း၊ ကုန်သွယ်ခြင်း၊ စားနပ်ရိက္ခာများ သယ်ယူရေးအခက်အခဲကြုံတွေ့နေကြကြောင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်မားခြင်းဒဏ်ကို ရင်ဆိုင်နေကြကြောင်း၊ ဒါကြောင့် ကော်မတီတစ်ခုဖွဲ့စည်းပြီး ကျောက်တော်နဲ့ ဆမီးမှာ လိုအပ်တဲ့ ဆန်၊ စားနပ်ရိက္ခာတွေ သယ်ယူမယ်လို့ရေးထားပါတယ်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ် တစ်သိန်း ရောက်နေပြီး ဝယ်ယူစရာဆန်လည်းမရှိတော့ပါ။

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်တော့သူက ဝန်ထမ်းဆန်က ဆမီးမှာတော့ရှိတယ် သယ်လို့မရသေးဘူးတဲ့။ အိမ်မှာဆန်က နည်းနည်းပဲကျန်တော့တယ်။ ၁၂ ပြည်လောက်ပဲကျန်တော့မယ်” လို့ပြောပါတယ်။

ဖေဖော်ဝါရီလတွင် ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်း ပြန်ဖွင့်တယ်လို့ဆိုကာ ခရီးသည်နဲ့ ပစ္စည်းများတင်ဆောင်လာတဲ့ ရေယာဉ်တစ်စီး သေနတ်ပစ်ခတ်ခံရသဖြင့် ရေယာဉ်များ ဆက်လက်မပြေးဆွဲရဲကြတော့ပါ။

(Zawgyi)

ပလက္ဝျပည္သူေတြက စားနပ္ရိကၡာသယ္ယူႏိုင္ဖို႔ ႏွစ္ဖက္လက္နက္ကိုင္အဖြဲ႕ရဲ႕ သေဘာထားကိုေစာင့္ၾကည့္ေန

ပလက္ဝၿမိဳ႕ အရပ္ဖက္အဖြဲ႕အစည္းအေပါင္းစုံက မတ္လအတြင္း ေက်ာက္ေတာ္နဲ႔ ဆမီးၿမိဳ႕ကေန ဆန္ နဲ႔ စားနပ္ရိကၡာမ်ားကို ပလက္ဝသို႔ သယ္ယူမယ္လို႔ လက္နက္ကိုင္အဖြဲ႕ (၂)ဖြဲ႕ကို ေမတၱာရပ္ခံအသိေပးစာကို မတ္လ (၁၀)ရက္ကထုတ္ျပန္ပါတယ္။

ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္တဲ့ ဦးစံျမက “ဒီစာကို ဘယ္အဖြဲ႕ကိုမွလိပ္မူၿပီးပို႔ထားတာမရွိဘူး။ မေန႔က အြန္လိုင္းကေနတစ္ဆင့္ မီဒီယာေတြကလည္းတင္ေတာ့ သက္ဆိုင္သူေတြလည္း ျမင္ၾကမယ္လို႔ယူဆပါတယ္။ ဒီစာကို သူတို႔ျမင္ၿပီးရင္ ဘယ္လိုျပန္တုန႔္ျပန္ၾကမလဲဆိုတာ ခုေစာင့္ၾကည့္ေနတယ္။ သူတို႔တုန႔္ျပန္ခ်က္ေပၚမူတည္ၿပီး က်ေနာ္တို႔အစည္းအေဝးျပန္ထိုင္ၿပီး ဘယ္ေန႔ ဆန္သယ္မလဲဆိုတာ ဆုံးျဖတ္ရအုံးမွာ။ အခု ဆမီးၿမိဳ႕မွာ ဆန္ေတာ့ရွိတယ္။ ဒါေပမယ့္ သြားမသယ္ရဲၾကဘူး။ က်ေနာ္တို႔ ပလက္ဝက ေတာ္ေတာ္ကံဆိုးတယ္ဗ်ာ။ သက္ဆိုင္ရာလူႀကီးေတြလည္း တကယ့္ ေျမျပင္အေနအထားကိုသိေအာင္ တစ္ေခါာက္ေလာက္ေတာ့ လာေရာက္ေစခ်င္တယ္။ အိမ္တိုင္းလိုလိုမွာ ဆန္က တစ္အိတ္အျပည့္ေတာင္မရွိၾကေတာ့ဘူး။ က်ေနာ္တို႔မွာ ဘယ္သူ႔ကို အားကိုးရမွန္းမသိေတာ့ဘူး။ ဘယ္သူ႔ကို တိုင္ပင္ရမွန္းမသိဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း တစ္ေယာက္မွမရွိေတာ့ဘူး” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕ အရပ္ဖက္ျပည္သူမ်ား ပူးတြဲထုတ္ျပန္ခ်က္တြင္ ေရမိုင္ (၄၀)သာေဝးတဲ့ ေက်ာက္ေတာ္ၿမိဳ႕နဲ႔ ကုန္းလမ္း၊ ေရလမ္းပိတ္ထားတာ တစ္လနဲ႔ (၄)ရက္ရွိေၾကာင္း၊ ဒါေၾကာင့္ ျပည္သူမ်ား ခရီးသြားလာျခင္း၊ ေဆးဝါးမ်ားဝယ္ယူျခင္း၊ ကုန္သြယ္ျခင္း၊ စားနပ္ရိကၡာမ်ား သယ္ယူေရးအခက္အခဲႀကဳံေတြ႕ေနၾကေၾကာင္း၊ ကုန္ေဈးႏႈန္း အဆမတန္ျမင့္မားျခင္းဒဏ္ကို ရင္ဆိုင္ေနၾကေၾကာင္း၊ ဒါေၾကာင့္ ေကာ္မတီတစ္ခုဖြဲ႕စည္းၿပီး ေက်ာက္ေတာ္နဲ႔ ဆမီးမွာ လိုအပ္တဲ့ ဆန္၊ စားနပ္ရိကၡာေတြ သယ္ယူမယ္လို႔ေရးထားပါတယ္။

လက္ရွိ ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္တစ္အိတ္ တစ္သိန္း ေရာက္ေနၿပီး ဝယ္ယူစရာဆန္လည္းမရွိေတာ့ပါ။

ပလက္ဝၿမိဳ႕နယ္ ပညာေရးမႉး ဆလိုင္းေအာင္မင္းက “ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို တင္ေတာ့သူက ဝန္ထမ္းဆန္က ဆမီးမွာေတာ့ရွိတယ္ သယ္လို႔မရေသးဘူးတဲ့။ အိမ္မွာဆန္က နည္းနည္းပဲက်န္ေတာ့တယ္။ ၁၂ ျပည္ေလာက္ပဲက်န္ေတာ့မယ္” လို႔ေျပာပါတယ္။

ေဖေဖာ္ဝါရီလတြင္ ပလက္ဝ-ေက်ာက္ေတာ္ ေရေၾကာင္းလမ္း ျပန္ဖြင့္တယ္လို႔ဆိုကာ ခရီးသည္နဲ႔ ပစၥည္းမ်ားတင္ေဆာင္လာတဲ့ ေရယာဥ္တစ္စီး ေသနတ္ပစ္ခတ္ခံရသျဖင့္ ေရယာဥ္မ်ား ဆက္လက္မေျပးဆြဲရဲၾကေတာ့ပါ။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်