ပလက်ဝမြို့တွင် ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့သစ် အထက (ခွဲ) ကျောင်းတွင်း အလယ်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးကျော်ဝင်းနိုင် (အသက် ၄၀ ခန့်) ကို မနေ့က အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းကျောင်းဆင်းပြီးနောက် ပလက်ဝမြို့အခြေစိုက် တပ်ရင်းဖြစ်တဲ့ ခလရ ၂၈၉ က မေးမြန်းစရာရှိတယ်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဦးကျော်ဝင်းနိုင်ကို ဖမ်းဆီးပြီးနောက် သူ့ကို ဘယ်နေရာတွင် ထားရှိကြောင်းကို မိသားစုဝင်များလည်း မသိကြောင်းနှင့် သူ့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်း မေးမြန်းလို့လည်း မရကြောင်းလည်း ဆိုပါတယ်။

ဦးကျော်ဝင်းနိုင်ဟာ ပလက်ဝမြို့တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ရခိုင်လူမျိုး တစ်ယောက်ဖြစ်ပါတယ်။

ဦးကျော်ဝင်းနိုင်ဟာ စစ်တပ်က black list ထည့်ထားသောသူ ၁၉ ဦးတွင် တစ်ဦးအပါဝင်ဖြစ်ကြောင်း ဒေသခံများကတော့ ကောလဟာလ ကြားနေကြပြီး နောက်ကျန်သေးသော ၁၈ ဦးဟာလည်း ဘယ်သူလယ်ဝါဖြစ်မှန်းကို မသိရသောကြောင်း၊ စစ်တပ်က မည်သူ့ကို မဆို အချိန်မရွေးလာရောက် ဖမ်းဆီးခြင်းလည်း ပြုလုပ်နိုင်ကြောင်းလည်း ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်