ပလက်ဝမြို့တွင် ဆန်ဆိုင်များအားလုံးပိတ်ထားပြီး အရေးပေါ်ဆန်အနည်းငယ်သာကျန်ရှိ

ပလက်ဝမြို့ဟာ တိုက်ပွဲကြောင့် ကျောက်တော်နဲ့ရေယာဉ်အသွားအလာပိတ်မိတာ နှစ်ပတ်ခန့်ရှိပြီဖြစ်တဲ့တွက် မြို့ပေါ်တွင်အရေးပေါ်သိုလှောင်ထားတဲ့ ဆန်အနည်းငယ်သာကျန်တယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

ပလက်ဝမြို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက “ဆန်ဆိုင်က ဆန်တွေကုန်နေပြီ။ ဒါကြောင့် ထွေအုပ်က အရေးပေါ်နဲ့ ဒုက္ခသည်တွေကူညီဖို့သိုလှောင်ထားတဲ့ဆန်ကို အခုထုတ်ရောင်းနေပြီ” လို့ပြောပါတယ်။

ထွေအုပ်အရေးပေါ်ဆန်ဟာ အိတ် ၈၀၀ မှ တစ်ထောင်ကြားရှိပေမယ့် အခုချိန်မှာ အိတ် တစ်ရာလောက်သာကျန်တော့တယ်လို့သတင်းရရှိပါတယ်။

ပလက်ဝမြို့ ဒေသခံတစ်ဦးက “ရွာဘက်ကလိုအပ်တော့ အိတ်နည်းနည်းဆီထုတ်ရောင်းတယ်။ မြို့ထဲ ဆန်ဆိုင်တွေအကုန်လုံးလည်းရောင်းစရာမရှိလို့ပိတ်ထားပြီ။ မနေ့ညက သတင်းကြားတာကတော့ ထွေအုပ်အရေးပေါ်ဆန်လည်း အိတ် တစ်ရာလောက်ပဲကျန်တယ်တဲ့။ ခုက ဆန်ပြုတ်တော့မစားရသေးဘူး။ လမ်းမြန်မြန်ပြန်ဖွင့်ဖို့ပဲ မျှော်လင့်တယ်။ အခု မတူပီဘက်ကနေ ပစ္စည်းတွေသယ်ယူလို့ရမလားဆိုတာ တစ်ချို့လူတွေသွားစုံစမ်းနေတယ်။ စားကုန်တွေသယ်လို့ရရင်တော့ သက်သာမယ်” လို့ပြောပါတယ်။

အရင်က ကြက်ဥ ၇ လုံး၊ ၈ လုံး တစ်ထောင်ကျပ်ကို အခုချိန်မှာ ကြက်ဥ ၃လုံးတစ်ထောင်ဖြစ်သွားပါတယ်။ ငရုတ်သီး ၁၀ ကျပ်သားကိုလည်း တစ်ထောင်ကျပ်ဖြစ်နေပါတယ်။

ဒါ့ပြင် ဒီဇယ်စက်နဲ့ပေးတဲ့ ညမီးကိုလည်း ယခင်က တစ်ည (၄)နာရီ မီးရပေမယ့် ခုချိန်မှာတော့ တစ်နာရီလျော့ပေးပြီး ရေကိုလည်း တစ်နေ့ နှစ်ခေါက်သာ ရောက်လာပါတော့တယ်။ ခါတိုင်းနှစ်တွေဆို ဆယ်တန်းစာမေးပွဲနီးတဲ့ချိန်မှာ ည (၁၂)နာရီထိ မီးပေးလျက်ရှိပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕တြင္ ဆန္ဆိုင္မ်ားအားလုံးပိတ္ထားၿပီး အေရးေပၚဆန္အနည္းငယ္သာက်န္ရွိ

ပလက္ဝၿမိဳ႕ဟာ တိုက္ပြဲေၾကာင့္ ေက်ာက္ေတာ္နဲ႔ေရယာဥ္အသြားအလာပိတ္မိတာ ႏွစ္ပတ္ခန႔္ရွိၿပီျဖစ္တဲ့တြက္ ၿမိဳ႕ေပၚတြင္အေရးေပၚသိုေလွာင္ထားတဲ့ ဆန္အနည္းငယ္သာက်န္တယ္လို႔ ေဒသခံေတြဆီက သတင္းရရွိပါတယ္။

ပလက္ဝၿမိဳ႕ ဆန္ေရာင္းဝယ္ေရးလုပ္ငန္းရွင္တစ္ဦးက “ဆန္ဆိုင္က ဆန္ေတြကုန္ေနၿပီ။ ဒါေၾကာင့္ ေထြအုပ္က အေရးေပၚနဲ႔ ဒုကၡသည္ေတြကူညီဖို႔သိုေလွာင္ထားတဲ့ဆန္ကို အခုထုတ္ေရာင္းေနၿပီ” လို႔ေျပာပါတယ္။

ေထြအုပ္အေရးေပၚဆန္ဟာ အိတ္ ၈၀၀ မွ တစ္ေထာင္ၾကားရွိေပမယ့္ အခုခ်ိန္မွာ အိတ္ တစ္ရာေလာက္သာက်န္ေတာ့တယ္လို႔သတင္းရရွိပါတယ္။

ပလက္ဝၿမိဳ႕ ေဒသခံတစ္ဦးက “႐ြာဘက္ကလိုအပ္ေတာ့ အိတ္နည္းနည္းဆီထုတ္ေရာင္းတယ္။ ၿမိဳ႕ထဲ ဆန္ဆိုင္ေတြအကုန္လုံးလည္းေရာင္းစရာမရွိလို႔ပိတ္ထားၿပီ။ မေန႔ညက သတင္းၾကားတာကေတာ့ ေထြအုပ္အေရးေပၚဆန္လည္း အိတ္ တစ္ရာေလာက္ပဲက်န္တယ္တဲ့။ ခုက ဆန္ျပဳတ္ေတာ့မစားရေသးဘူး။ လမ္းျမန္ျမန္ျပန္ဖြင့္ဖို႔ပဲ ေမွ်ာ္လင့္တယ္။ အခု မတူပီဘက္ကေန ပစၥည္းေတြသယ္ယူလို႔ရမလားဆိုတာ တစ္ခ်ိဳ႕လူေတြသြားစုံစမ္းေနတယ္။ စားကုန္ေတြသယ္လို႔ရရင္ေတာ့ သက္သာမယ္” လို႔ေျပာပါတယ္။

အရင္က ၾကက္ဥ ၇ လုံး၊ ၈ လုံး တစ္ေထာင္က်ပ္ကို အခုခ်ိန္မွာ ၾကက္ဥ ၃လုံးတစ္ေထာင္ျဖစ္သြားပါတယ္။ င႐ုတ္သီး ၁၀ က်ပ္သားကိုလည္း တစ္ေထာင္က်ပ္ျဖစ္ေနပါတယ္။

ဒါ့ျပင္ ဒီဇယ္စက္နဲ႔ေပးတဲ့ ညမီးကိုလည္း ယခင္က တစ္ည (၄)နာရီ မီးရေပမယ့္ ခုခ်ိန္မွာေတာ့ တစ္နာရီေလ်ာ့ေပးၿပီး ေရကိုလည္း တစ္ေန႔ ႏွစ္ေခါက္သာ ေရာက္လာပါေတာ့တယ္။
ခါတိုင္းႏွစ္ေတြဆို ဆယ္တန္းစာေမးပြဲနီးတဲ့ခ်ိန္မွာ ည (၁၂)နာရီထိ မီးေပးလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်