ပလက်ဝမြို့တွင် ဆန်ပြုတ်သောက်ရမယ့် ကိန်းဆိုက်နေပြီဟု ဒေသခံများပြော

ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် အကြားက တိုက်ပွဲများကြောင့် ရေကြောင်းလိုင်းများ ပိတ်ပင်ထားသောကြောင့် ဆန်နှင့် အခြားသော အခြေခံစားသောက်ကုန်များ ပြတ်လပ်တာ ၂ လ ခန့်ရှိနေပြီဖြစ်ပါတယ်။

ပလက်ဝမြို့၏ စားနပ်ရိက္ခာအတွက် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကျောက်တော်-ပလက်ဝ ရေကြောင်းကို စစ်တပ်က စက်တင်ဘာလ ၉ ရက်နေ့တွင် စတင်ပိတ်ပြီးနောက် ယနေ့အချိန်အထိ ကျောက်တော်-ပလက်ဝအကြား ကုန်ပစ္စည်း သယ်ယူပို့ဆောင်လို့ မရသေးပါဘူး။

ထို့ကြောင့် ပလက်ဝမြို့ပေါ်တွင် ဆန်များ ပြတ်လပ်နေသောကြောင့် မြို့ခံများဟာ ရွာဘက်က ဝင်လာသော ဆန်များကို အဓိကထား ဝယ်ယူစားသုံးနေကြပြီး ရွာဘက်က ဆန်ကိုလည်း တစ်အိတ်လျှင် ၈ သောင်း နီးပါးပေးပြီး ဝယ်နေရကြောင်း ဆိုပါတယ်။

“ခုက ဆန်တစ်အိမ်ကို ၁ သိန်းပေးဝယ်ဖို့တောင်မှ အရမ်းကိုရှားသွားပြီ။ မကြာခင် ဆန်ပြုတ်ပဲ သောက်ရတော့မယ့် ကိန်းဆိုက်နေတယ်။ ခုက ရွာဘက်မှာ စပါးရိတ်တော့ မြို့ပေါ်ကို ရွာက ဆန်တွေဝင်လာရင်တော့ နည်းနည်းတော့ သက်သာလာဖို့ မျှော်လင့်ပါတယ်” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့တွင် စားသုံးဆီ ၁ လီတာကို ၇၀၀၀ ကျပ်၊ ကြက်သွန်နီ ၅၀ သားကို ၆၀၀၀ ကျပ်နှင့် အခြားသော ခြေခံစားသောက်ကုန်များကိုလည်း ဈေးအဆမတန်ပေးဝယ်နေရကြောင်း ဆိုပါတယ်။ ပလက်ဝမြို့တွင် လွန်ခဲ့တဲ့ ၅ တုန်းကစပြီး ဒီကနေ့အထိ မီးလည်း မရတော့ကြောင်း မြို့ခံများက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်