ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဒီကနေ့ ထုတ်ပြန်

၂၀၁၉၊ နိုဝင်ဘာ (၉)
ပလက်ဝမြို့နယ်တွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး ဒီနေ့ကစပြီး ညမထွက်ရအမိန့် ပုဒ်မ (၁၄၄)ကို မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ ထုတ်ပြန်လိုက်ပါတယ်။

ယင်းအမိန့်စာထဲတွင် ပလက်ဝမြို့နယ် အတွင်းတွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု၊ ခေါ်ဆောင်မှုများ ဆောင်ရွက်ခဲ့ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူအချို့သေဆုံး/ဒဏ်ရာရရှိသူများရှိခဲ့ခြင်းများဖြစ်ပေါ်နေသဖြင့် ညအချိန်လွတ်လပ်စွာ သွားလာခွင့်ဆက်လက်ပြုပါက အကြမ်းဖက်မှုပိုမိုထိရောက်စွာဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူလိုက်နာကျင့်သုံးနိုင်ရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို အောက်ပါအတိုင်း “ညမထွက်ရ” အမိန့်ထုတ်ပြန်လိုက်ပါသည်လို့ဖော်ပြထားပါတယ်။

ဆက်လက်ပြီး ယင်းအမိန့်စာထဲတွင် ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆)နာရီမှ နံနက်(၆)နာရီအတွင်း အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုရ။ ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ (၅)ဦး (သို့မဟုတ်) (၅)ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းဟစ်အော်ကြွေးကြော်ခြင်းလှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်းခတ်ပြုခြင်းတို့ မပြုလုပ်ရဟု ဖော်ပြထားပါတယ်။

ဒီအမိန့်ဟာ ထုတ်ပြန်သည့်နေ့မှစပြီး နှစ်လအထိ အတည်ဖြစ်ပါတယ်။ ပလက်ဝမြို့နယ်ထဲမှာရှိ ဆမီးမြို့လည်း ဒီအမိန့်နဲ့အကျူံးဝင်တယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

ဝန်ကြီးဦးစိုးထက်က “ဒီအမိန့်က ဒေသခံပြည်သူတွေကို ဒုက္ခဖြစ်စေဖို့ထုတ်ပြန်ထားတာမဟုတ်ဘူးဆိုတာ သိပေးစေချင်တယ်။ သာရေး နာရေးကိစ္စတွေဆိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေဆီအကြောင်းကြားထားရင် ရပါတယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်တွင် အေအေလက်နက်ကိုင်အဖွဲ့က ဒေသခံချင်းတိုင်းရင်းသား (၈၂)ယောက်ဖမ်းဆီးထားထိန်းသိမ်းထားတယ်လို့ ပြည်နယ်အစိုးရထံမှသိရပါတယ်။ ဒါ့ပြင် နိုဝင်ဘာ (၃)ရက်တွင် ဒေသခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္တြင္ ညမထြက္ရအမိန႔္ ပုဒ္မ ၁၄၄ ဒီကေန႔ ထုတ္ျပန္

၂၀၁၉၊ ႏိုဝင္ဘာ (၉)
ပလက္ဝၿမိဳ႕နယ္တြင္ လုံၿခဳံေရး၊ ရပ္႐ြာေအးခ်မ္းသာေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္အတြက္ဆိုၿပီး ဒီေန႔ကစၿပီး ညမထြက္ရအမိန႔္ ပုဒ္မ (၁၄၄)ကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးလက္မွတ္နဲ႔ ထုတ္ျပန္လိုက္ပါတယ္။

ယင္းအမိန႔္စာထဲတြင္ ပလက္ဝၿမိဳ႕နယ္ အတြင္းတြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားမွ မိုင္းေထာင္ေဖာက္ခြဲျခင္း၊ ေခ်ာင္းေျမာင္းတိုက္ခိုက္ျခင္း၊ ရပ္ကြက္/ေက်း႐ြာအုပ္စုမ်ားအတြင္း သာမန္အရပ္သားျပည္သူ အေယာင္ေဆာင္ဝင္ေရာက္ၿပီး အျပစ္မဲျပည္သူမ်ားအား အၾကမ္းဖက္တိုက္ခိုက္မႈ၊ ေခၚေဆာင္မႈမ်ား ေဆာင္႐ြက္ခဲ့ျခင္း၊ ထိေတြ႕တိုက္ပြဲျဖစ္စဥ္အခ်ိဳ႕တြင္ အျပစ္မဲ့အရပ္သားျပည္သူအခ်ိဳ႕ေသဆုံး/ဒဏ္ရာရရွိသူမ်ားရွိခဲ့ျခင္းမ်ားျဖစ္ေပၚေနသျဖင့္ ညအခ်ိန္လြတ္လပ္စြာ သြားလာခြင့္ဆက္လက္ျပဳပါက အၾကမ္းဖက္မႈပိုမိုထိေရာက္စြာေဆာင္႐ြက္လာဖြယ္ရွိသျဖင့္ လုံၿခဳံေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ အမ်ားျပည္သူလိုက္နာက်င့္သုံးႏိုင္ေရးအတြက္ ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၁၄၄ ကို ေအာက္ပါအတိုင္း “ညမထြက္ရ” အမိန႔္ထုတ္ျပန္လိုက္ပါသည္လို႔ေဖာ္ျပထားပါတယ္။

ဆက္လက္ၿပီး ယင္းအမိန႔္စာထဲတြင္ ပလက္ဝၿမိဳ႕နယ္အတြင္း မည္သူမဆို ည (၆)နာရီမွ နံနက္(၆)နာရီအတြင္း အမိန႔္တစ္စုံတစ္ရာမရွိဘဲ လုံၿခဳံေရးတာဝန္ရွိသူမွအပ သြားလာလႈပ္ရွားျခင္းမျပဳရ။ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ လမ္းမႀကီးမ်ား၊ အမ်ားျပည္သူသြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ အမ်ားျပည္သူႏွင့္ဆိုင္ေသာ အေဆာက္အဦးေနရာမ်ားတြင္ ဆူပူလႈံ႕ေဆာ္လိုေသာ ရည္႐ြယ္ခ်က္ျဖင့္ျဖစ္ေစ၊ ျပစ္မႈတစ္စုံတစ္ရာက်ဴးလြန္လိုေသာ ရည္႐ြယ္ခ်က္ျဖင့္ျဖစ္ေစ၊ လူ (၅)ဦး (သို႔မဟုတ္) (၅)ဦးထက္ပို၍ျဖစ္ေစ စုေဝးျခင္း၊ စီတန္းလွည့္လည္ျခင္းဟစ္ေအာ္ေႂကြးေၾကာ္ျခင္းလႈံ႕ေဆာ္ျခင္း၊ ႐ုန္းရင္းဆန္းခတ္ျပဳျခင္းတို႔ မျပဳလုပ္ရဟု ေဖာ္ျပထားပါတယ္။

ဒီအမိန႔္ဟာ ထုတ္ျပန္သည့္ေန႔မွစၿပီး ႏွစ္လအထိ အတည္ျဖစ္ပါတယ္။ ပလက္ဝၿမိဳ႕နယ္ထဲမွာရွိ ဆမီးၿမိဳ႕လည္း ဒီအမိန႔္နဲ႔အက်ဴံးဝင္တယ္လို႔ ျပည္နယ္စည္ပင္ဝန္ႀကီး ဦးစိုးထက္ကဆိုပါတယ္။

ဝန္ၾကီးဦးစိုးထက္က “ဒီအမိန္႔က ေဒသခံျပည္သူေတြကို ဒုကၡျဖစ္ေစဖို႔ထုတ္ျပန္ထားတာမဟုတ္ဘူးဆိုတာ သိေပးေစခ်င္တယ္။ သာေရး နာေရးကိစၥေတြဆိုလည္း သက္ဆုိင္ရာတာဝန္ရွိသူေတြဆီအေၾကာင္းၾကားထားရင္ ရပါတယ္” လို႔ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္တြင္ ေအေအလက္နက္ကိုင္အဖြဲ႔က ေဒသခံခ်င္းတိုင္းရင္းသား (၈၂)ေယာက္ဖမ္းဆီးထားထိန္းသိမ္းထားတယ္လို႔ ျပည္နယ္အစိုးရထံမွသိရပါတယ္။ ဒါ့ျပင္ ႏိုဝင္ဘာ (၃)ရက္တြင္ ေဒသခံအမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်