ပလက်ဝမြို့နယ်တွင် အေအေ နဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားလို့ မြို့ပေါ်မှာဆန်အလုအယှက်ဝယ်ကြ

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ နှမဒါရွာနဲ့ လယ်လှ သူဌေးကုန်းရွာ အကြားအတွင် ဩဂုတ်လ ၁ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံများက ပြောပါတယ်။

ဒီကနေ့ သြဂုတ်လ ၂ ရက် မနက် ၁၀ နာရီအထိ လက်နက်ကြီးသံများ မြို့ပေါ်ကနေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲဟာ ဒီကနေ့တွင် ပိုပြင်းထန်လာကြောင်း ဒေသခံများက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ပေါ်သို့ ဆန်အလုအယက်ဝယ်နေကြပြီး ဆန်တွေလည်း ချက်ချင်းကုန်သွားကြောင်းလည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်နဲ့ အေအေ တိုက်ပွဲဖြစ်သွားတာပဲ ကျွန်မတို့က သိရတယ်။ သေနတ်သံ၊ လက်နက်ကြီးသံတော့ ကြားရတယ်။ တိုက်ပွဲဖြစ်သွားတော့ လူတွေက ဆန်ကို လိုလိုမယ်မယ် ဝယ်ထားကြတာနေမှာ ခုတော့ ဆန်တွေလည်း အကုန်လုံး ကုန်သွားပြီ ဝယ်လို့တောင် မရတော့ဘူး”လို့ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

Zalen ad

ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်ကို ၆သောင်းထက်ဈေးတင်မရောင်းရဘူးဟု အမိန့်ထုတ်ထားသောကြောင့် ဆန်ကတော့ တစ်အိတ်ကို ၆ သောင်းအထက်ပိုမပေးရကြောင်း ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်