ပလက်ဝမြို့နယ် ဒေသခံ (၅)ဦးထပ်မံပျောက်ဆုံး

၂၀၁၉၊ အောက်တိုဘာ (၂၁)
တိုက်ပွဲများဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စက်တင်ဘာလမှ အောက်တိုဘာလထိ ဒေသခံ (၅)ဦးထပ်မံပျောက်ဆုံးနေတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(KACC)က အောက်တိုဘာ (၂၀)ရက်က ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် သြဂုတ်လထိ ဒေသခံချင်းတိုင်းရင်းသား (၁၀)ဦးပျောက်ဆုံးပြီး ယနေ့ထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ KACC ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

ပျောက်ဆုံးသူများတွင် အသက် (၁၄)နှစ်မှာ (၆၀)နှစ်ကြား အမျိုးသားတွေဖြစ်ပါတယ်။ ပျောက်ဆုံးသွားပုံကတော့ တောထဲမှာ ဟင်းရှာထွက်ရင်းနဲ့လည်းကောင်း၊ မြောက်ဦးမြို့မှာ ဈေးဝယ်သွားရင်းရွာသို့ပြန်လာတဲ့ချိန်လမ်းမှာပျောက်ဆုံးကြတာများပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၄)ရက်တွင် ဝန်ချောင်းဝရွာသားတွေဖြစ်တဲ့ ဦးလှခိုင် (၂၃ နှစ်)၊ မောင်မောင်ချေ (၃၂ နှစ်) နဲ့ မောင်ပူးချေ (၄၀ နှစ်) တို့ဟာ မြောက်ဦးမြို့နယ် ဆင်အိုးရွာသို့ ဆန်၊ဆီ၊ ဆားများသွားရောက်ဝယ်ယူပြီး အပြန်တွင် ၎င်းတို့စီးနင်းတဲ့စက်လှေနဲ့အတူ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၅)ရက်တွင် သာယာကုန်းရွာနေ ဦးကိုးဟွေ့ (၂၃ နှစ်) နဲ့ ၎င်းဇနီးကိုယ်ဝန် (၆)လလွယ်ထားတဲ့ ဒေါ်သန္တာဦး (၂၅ နှစ်)တို့ တောင်ယာသွားစဉ် ပျောက်ဆုံးသွားပါတယ်လို့ဖော်ပြထားပါတယ်။

(Zawgyi)

ပလက္ဝၿမိဳ႕နယ္ ေဒသခံ (၅)ဦးထပ္မံေပ်ာက္ဆုံး

၂၀၁၉၊ ေအာက္တိုဘာ (၂၁)
တိုက္ပြဲမ်ားျဖစ္ပြားေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ စက္တင္ဘာလမွ ေအာက္တိုဘာလထိ ေဒသခံ (၅)ဦးထပ္မံေပ်ာက္ဆုံးေနတယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ(KACC)က ေအာက္တိုဘာ (၂၀)ရက္က ထုတ္ျပန္ထားပါတယ္။

ပလက္ဝၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လထိ ေဒသခံခ်င္းတိုင္းရင္းသား (၁၀)ဦးေပ်ာက္ဆုံးၿပီး ယေန႔ထိ မိသားစုနဲ႔အဆက္အသြယ္မရေသးဘူးလို႔ KACC ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားပါတယ္။

ေပ်ာက္ဆုံးသူမ်ားတြင္ အသက္ (၁၄)ႏွစ္မွာ (၆၀)ႏွစ္ၾကား အမ်ိဳးသားေတြျဖစ္ပါတယ္။ ေပ်ာက္ဆုံးသြားပုံကေတာ့ ေတာထဲမွာ ဟင္းရွာထြက္ရင္းနဲ႔လည္းေကာင္း၊ ေျမာက္ဦးၿမိဳ႕မွာ ေဈးဝယ္သြားရင္း႐ြာသို႔ျပန္လာတဲ့ခ်ိန္လမ္းမွာေပ်ာက္ဆုံးၾကတာမ်ားပါတယ္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာ (၁၄)ရက္တြင္ ဝန္ေခ်ာင္းဝ႐ြာသားေတြျဖစ္တဲ့ ဦးလွခိုင္ (၂၃ ႏွစ္)၊ ေမာင္ေမာင္ေခ် (၃၂ ႏွစ္) နဲ႔ ေမာင္ပူးေခ် (၄၀ ႏွစ္) တို႔ဟာ ေျမာက္ဦးၿမိဳ႕နယ္ ဆင္အိုး႐ြာသို႔ ဆန္၊ဆီ၊ ဆားမ်ားသြားေရာက္ဝယ္ယူၿပီး အျပန္တြင္ ၎တို႔စီးနင္းတဲ့စက္ေလွနဲ႔အတူ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ရဲ႕ ဖမ္းဆီးေခၚေဆာင္ျခင္းခံရပါတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါ့ျပင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၅)ရက္တြင္ သာယာကုန္း႐ြာေန ဦးကိုးေဟြ႕ (၂၃ ႏွစ္) နဲ႔ ၎ဇနီးကိုယ္ဝန္ (၆)လလြယ္ထားတဲ့ ေဒၚသႏၲာဦး (၂၅ ႏွစ္)တို႔ ေတာင္ယာသြားစဥ္ ေပ်ာက္ဆုံးသြားပါတယ္လို႔ေဖာ္ျပထားပါတယ္။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်