ပလက်ဝ ဒေသခံ ၁၇၃ ဦး ရခိုင်မှာ ပိတ်မိနေ

၂၇၊ မေလ၊ ၂၀၂၄

Zalen

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ ၁၇၃ ဦးဟာ ရခိုင်ပြည်နယ်မှာ ပိတ်မိနေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့သို့ သွားမယ့် ပလက်ဝဒေသခံ ၁၇၃ ဦးဟာ တောင်ကုတ်မြို့မှာ ပိတ်မိနေတာ ၁ လကျော်ကြာနေပြီလို့ သိရပါတယ်။

Zalen ad

“ရန်ကုန်သွားမယ်ဆိုပြီး ကားထွက်ကြတာ၊ အခု တောင်ကုတ်မှာ ပိတ်မိနေတယ်။ တစ်လကျော်နေပြီ သွားလို့မရသေးဘူး။ ပိတ်မိနေဆဲ။”လို့ သူတို့နဲ့ နီးစပ်တဲ့ တစ်ဦးက ဆိုပါတယ်။

အဲ့ဒီ ပိတ်မိနေတဲ့ထဲမှာ ကလေးနဲ့ အမျိုးသမီးတွေ အများပြားပါဝင်နေတယ်လို့ သိရပါတယ်။

သူတို့တွေဟာ တောင်ကုတ်မြို့က ခရစ်ယာန်နှစ်ခြင်းဘုရားရှိးခိုးကျောင်း၊ ကစ်သလစ်ဘုရားရှိးခိုးကျောင်းနဲ့ တည်းခိုခန်းတွေမှာ တည်ခိုးနေကြပြီး ရက်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် အခက်ခဲရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူတို့ သွားမယ့်လမ်းကြောင်းဖြစ်တဲ့ သံတွဲမြို့မှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာကြောင်း ဖြတ်သန်းခွင့်မပြုတာဖြစ်မယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားပြီး ဒေသခံတွေဟာ တစ်ရက်ထက်တစ်ရက် မြို့စွန့်ခွာပြီး မီဇိုရမ်နဲ့ ပြည်မဘက် ထွက်ပြေးမှုတွေ ပိုများလာတယ်လို့ သိရပါတယ်။

သတင်း-အောက်ချင်းငှက်

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်