ပလက်ဝ နဲ့ ရခိုင်ပြည်နယ်ရှိ ချင်းပြည်သူများထံ CNLD ပါတီခေါင်းဆောင်များသွားရောက်တွေ့ဆုံမယ်

၂၀၁၉၊ အောက်တိုဘာ (၁၈)
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ရှိ ချင်းတိုင်းရင်းသားများနေထိုင်တဲ့ မြို့နယ်များတွင် ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ (CNLD) ခေါင်းဆောင်များသွားရောက်ကာ ပြည်သူများနဲ့တွေ့ဆုံကြမယ်လို့သတင်းရရှိပါတယ်။

ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက “ပလက်ဝ နဲ့ ရခိုင်သွားဖို့ လုံခြုံရေးအပေါ် အမြင်ချင်းမတူတာတွေတော့ရှိတယ်။ ဒါပေမယ့် အခက်အခဲဘယ်လောက်ပဲကြုံကြုံသွားကို သွားရမယ်လို့ ဆုံးဖြတ်ထားတယ်။ သွားရမယ့် အချိန်က နောက်လမှာဖြစ်မယ်” လို့ပြောပါတယ်။

သြဂုတ် (၁၈)ရက်မှ စက်တင်ဘာ (၁)ရက်နေ့ထိ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းရှိမြို့များတွင် ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ် ပါတီဆိုင်းဘုတ်တင်ပွဲ နဲ့ ရုံးခန်းဖွင့်ပွဲပြုလုပ်ခဲ့ကြပါတယ်။

ဆက်လက်ပြီး ဆလိုင်းရှိန်းထွန်းက “ဒီခရီးစဉ်မှာ မဖြစ်မနေသွားရမယ့်သူတွေက ဥက္ကဌ ၃ ဦး၊ အတွင်းရေးမှူး ၃ ဦးတို့ပါမယ်။ ရခိုင်ပြည်နယ်မှာတော့ အမ်း၊ မြေပုံ၊ မြင်းပြားမြို့နယ်တွေသွားမယ်။ ဒီခရီးစဉ်က လူထုတွေ့ဆုံပွဲလည်းပါမယ်၊ ပါတီဆိုင်းဘုတ်တင်ပွဲလည်းပါမယ်၊ စည်းရုံးရေးလည်းပါမယ်ပေါ့ဗျာ” လို့ပြောပါတယ်။

ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီရဲ့ ပါတီ မူဝါဒ (၁၂)ချက်ကို တာဝန်အသီးသီးခွဲဝေကာ ရေးဆွဲလျက်ရှိပြီး ၂၀၁၉ မကုန်ခင်အပြီးရေးဆွဲဖို့စီစဉ်ထားကြပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်