ပိုက်ဆံအိတ်လုပြေးသူ ၂ ဦးကို ပိုင်ရှင်အမျိုးသမီးကဆိုင်ကယ်နဲ့ပြန်တိုက်ကာဖမ်းဆီး

ကလေးမြို့၊ ဆိပ်ကမ်းသာဈေးနားမှာ ဆေးခန်းပြပြီးပြန်လာစဉ် အမျိုးသား ၂ ဦးက ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်လုပြေးတာကြောင့် ပိုင်ရှင်အမျိုးသမီးက အနောက်ကနေဆိုင်ကယ်ဖြင့်တိုက်တာကြောင့် ပတ်ဝန်းကျင်ရဲ့အကူအညီဖြင့် ၂ ဦးစလုံးဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီလောက်က ပင်လုံလမ်းမကြီးပေး အမျိုးသမီးနဲ့ အသက် ၆၀ ကျော်အမျိုးသမီးတို့ ဆိုင်ကယ်အတူစီးနေစဉ် အမျိုးသား ၂ ဦးကအနောက်ကနေ ကပ်လိုက်လာပြီး ဆိုင်ကယ်နောက်မှာထိုင်းတဲ့ အဘွားရဲ့ ဆွဲကြိုးနဲ့ပိုက်ဆံအိတ်ကိုလုယူကာ ထွက်ပြေးသွားကြပါတယ်။

315573666_439297238353650_3503397203235753540_n

ပြီးနောက် လုယက်ခံရတဲ့ အမျိုးသမီးတစ်ဦးက အဆိုပါအမျိုးသား ၂ ဦးရဲ့နောက်ကို ဆိုင်ကယ်နဲ့အမှီလိုက်ကာ အနောက်ကနေတိုက်တာကြောင့် ဆိုင်ကယ် ၂ စီးလုံးလဲကျကာ အမျိုးသမီးက ပတ်ဝန်းကျင်သို့အကူအညီတောင်းပြီးရပ်ကွက်နေပြည်သူများက အမျိုးသား ၂ ဦးကို ဝိုင်းဝန်းဖမ်းဆီးကြတယ်လို့သိရတယ်။

၎င်းအမျိုးသား ၂ ဦးဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေသူတွေလို့သိရတယ်။ ဆိုင်ကယ်နဲ့ တိုက်ဖမ်းခဲ့တဲ့ အမျိုးသမီးက ဆိုင်ကယ်လဲတဲ့ဒဏ်ကြောင့် ခြေထောက်မှာ ဒဏ်ရာများရရှိသွားပြီး ဆေးဝါးကုသဖို့ စီစဉ်နေပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်