ပေါက်မြို့တွင် မတူပီလူငယ်တစ်ဦး စစ်ကောင်စီဖမ်းဆီးခံရတာ တစ်လကျော်ကြာပေမယ့် မိသားစုဝင်များ သတင်းအစအနမသိရသေး

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝလံတဲကျေးရွာက လူငယ်တစ်ဦးဖြစ်တဲ့ မောင်ဇိုဘွေ (အသက် ၂၀ ခန့်) ဟာ ၂၀၂၃ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မတူပီမြို့ကနေ ပခုက္ကူကို အလာတွင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်ရှိသော သရက်တောစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရချိန်ကစပြီး ဒီကနေ့အထိ မောင်ဇိုဘွေးရဲ့ သတင်းအစအနကို မိသားစုဝင်များက မသိရသေးကြောင်း သိရပါတယ်။ တစ်ချို့ကတော့ မောင်ဇိုဘွေးဟာ စစ်ကောင်စီတပ်သားများရဲ့ လက်ထဲတွင်သာ ရှိနိုင်သေးကြောင်း ဆိုကြသော်လည်း ဘယ်နေရာတွင်ရှိပြီး ကျန်းမာရေး အခြေအနေကိုလည်း မသိရကြောင်း ဆိုကြပါတယ်။

မောင်ဇိုဘွေးဟာ သရက်တောဂိတ်တွင် စစ်ကောင်စီတပ်သားများက ဖုန်းစစ်ဆေးပြီးနောက် အဖမ်းခံရတာဖြစ်ပါတယ်။ သူဟာ သာမန်အရပ်သား တစ်ယောက်ဖြစ်ပြီး ရွာတွင် မိဘကို ယာအလုပ် ကူညီပေးသော လူငယ်တစ်ယောက်သာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်