ပြည်သူလူထုထောက်ခံလာအောင် နည်းလမ်းပေါင်းစုံနဲ့ အသည်းအသန်ကြိုးစားနေတဲ့ စစ်ကောင်စီ

ဒေမီယံ

၃ နိုဝင်ဘာ၊၂၀၂၃

၂၀၂၁၊ဖေဖော်ဝါရီ ၁ရက်နေ့ မင်းအောင်လှိုင် ဦးဆောင်တဲ့မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်ကောင်စီဟာ လက်ရှိအချိန်မှာတော့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေးတင်မက မြန်မာပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုအပိုင်းတွေမှာပါ တမြည့်မြည့်နဲ့ယုတ်လျော့လာပါတယ်။

ဒီလို ဘက်ပေါင်းစုံဖိနှိပ်မှုတွေကြားမှာ ရုန်းကန်နေရတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုပြန်ရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ အသည်းအသန်ကြိုးစားနေတာဖြစ်ပါတယ်။

အဲ့ဒီနည်းလမ်းတွေထဲမှာ နိုင်ငံ့ဝန်ထမ်းနေရာ အတင်းအဓမ္မရယူပြီးပြည်သူ့မေတ္တာခံယူဖို့ ကြိုးစားတဲ့နည်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာလည်း CDM ဝန်ထမ်းများကို ပုဒ်မအမျိုးမျိုးနဲ့ ဝရမ်းထုတ် ဖမ်းဆီးအကျဥ်းချ၊ မတရားသတ်ဖြတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရုံက ဆေးဗိုလ်တွေဟာ လစ်ဟာနေတဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ဝင်ရောက်နေရာယူပြီး ပြင်ပ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အခကြေးငွေနဲ့ ဆေးကုသပေးနေကြပါတယ်။

ကလေးမြို့၊တပ်ဦးသီတာရပ်ကွက်မှာရှိတဲ့ “အေးချမ်းမေတ္တာ”ဆေးရုံနဲ့ “ထွန်း” ဆေးခန်း စတာတွေဟာ စစ်ဆေးရုံက ဆေးဗိုလ်တွေရဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းလစ်လပ်မှုနေရာတွေမှာ သူတို့တွေက အစားထိုးဝင်ရောက်ကာ အခကြေးငွေနဲ့ဆေးကုသပေးနေကြတာဖြစ်ပါတယ်။

“အေးချမ်းမေတ္တာဆေးရုံနဲ့ ထွန်းဆေးခန်းကတော့ ကလေးမြို့မှာ လူသိများတဲ့ စစ်ဗိုလ် ဆရာဝန်တွေရဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေပါ။ ပြင်ပ အရပ်ဖက်က ဆေးရုံ၊ ဆေးခန်းတွေက ငွေကုန်ကြေးကျများတဲ့အတွက် မြို့ခံတွေက အဲ့ဒီဆေးရုံဆေးခန်း(စစ်ဗိုလ်ဆရာဝန်တွေရဲ့ ပုဂ္ဂလိကဆေရုံဆေးခန်း) တွေမှာ ကုနေကြရတာပေါ့။” လို့ ကလေးမြို့ခံပြည်သူတစ်ယောက်ကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မတရာဖမ်းဆီးအကျဥ်းချမှုကို ခံခဲ့ရတဲ့ CDM နိုင်ငံ့ဝန်ထမ်းဦးရေဟာ ၁၅၀ ဝန်းကျင်ရှိပြီးကျန်းမာရေးဝန်ထမ်းနဲ့ ပညာရေးဝန်ထမ်းတွေဟာ အများဆုံးဖြစ်တယ်လို့ AAPP ရဲ့ စစ်တမ်းတွေအရသိရပါတယ်။ ဒါ့အပြင်စစ်ကြောရေးမှာ လူမသိသူမသိ ရိုက်နှက်သတ်ဖြတ်ခံလိုက်ရတဲ့ CDM ဝန်ထမ်းတွေလည်းရှိပါသေးတယ်။

“အခုလိုမျိုး ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးအကျဥ်းချတယ်။ နှိက်စက်တယ်။ အဲ့တော့ ထောင်ကျသွားသူတွေ၊သေသွားတဲ့သူတွေ၊ လွတ်မြောက်ရာကိုထွက်ပြေးရသူတွေနဲ့ ကလေးမြို့မှာ ကျန်းမာရေးဝန်ထမ်းလစ်ဟာမှုက ပိုကြီးလာပါတယ်။ အဲ့ဒါကို အခွင့်ရေးတစ်ခုအနေနဲ့ စစ်ကောင်စီကအသုံးချပြီး ပြည်သူ့မေတ္တာကို မရရတဲ့နည်းနဲ့ပြန်ယူနေတာလို့မြင်ပါတယ်။” လို့ ကလေးဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီဟာ ကလေးမြို့ပေါ်တင်မကဘဲ ကလေးမြို့နဲ့အနီးတဝိုက်က တစ်ချို့ရွာတွေမှာပါ ဆေးကုသပေးနေပါတယ်။ ကလေးမြို့မြောက်ပိုင်းဒေသက ကျောင်းတိုက်ရွာနဲ့ ဆည်တောဦးရွာစတဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးရွာမှာလည်း စစ်ကောင်စီဟာ ဆေးရုံဆေးခန်းတွေဖွင့်ပြီးကျေးရွာဒေသခံတွေကို စည်းရုံးသိမ်းသွင်းနေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကလေးမြို့က CDM ဝန်ထမ်းဦးရေ ၁၅၀ ၀န်းကျင်ဟာ စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးအကျဥ်းချခံထားရပြီး အ့ဒီထဲက လူဦးရေအနည်းငယ်ကို ပြန်လွတ်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ CDM ဝန်ထမ်းတွေကိုတော့ ၅၀၅ (က) ၊ ၅၀၅ (ခ) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများစွာနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

အဖက်ဖက်က အထိနာနေတဲ့ စစ်ကောင်စီဟာ လက်ရှိအချိန်မှာလည်း စစ်ရေးအရ ကလေးဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုကို မသေရုံတမယ် ခုခံရတဲ့အနေအထားဖြစ်ပြီး တစ်ဖက်ကလည်းရတဲ့နည်းနဲ့ ပြည်သူ့မေတ္တာကို ပြန်ရဖို့ကြိုးစားနေပေမယ့် တစ်ဖက်မှာတော့ ရွာတွေကိုမီးရှို့၊ လမ်းသွားလမ်းလာတွေကို စိတ်ထင်တိုင်းပစ်ခတ်သတ်ဖြတ်မှုတွေကျူးလွန်နေကြဆဲဖြစ်တဲ့အတွက် အိတ်ပေါက်နဲ့ဖားကောက်သလို ဖြစ်နေတာကိုတွေ့ရပါတယ်။

 ဒေမီယံ

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်