ဖလမ်းမြို့နယ် သစ်တောရုံး မီးလောင်မှုဖြစ်ပွား

ဖလမ်းမြို့လယ်ခေါင် Farthawk (ဖာရ်ထောက်)ရပ်ကွက် မှာရှိတဲ့ မြို့နယ်သစ်တောဦးစီးဌာနရုံးဟာ ဒီဇင်ဘာ (၁၈)ရက် ည ၁၂ နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး မနက် ၁ နာရီမှာ မီးငြိမ်းသတ်နိုင်တယ်လို့ သတင်းရရှိပါတယ်။

မြို့နယ်သစ်တောဦးစီးဌာနရုံးအနီးတွင် စည်ပင်ရုံး၊ မြို့တော်ခန်းမ၊ အိုးအိမ် နဲ့ လူနေအိမ်တွေ ကပ်ရပ်ရှိပေမယ့် ပြည်သူတွေ၊ မီးသတ် နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းခြင်းအားဖြစ် အခြားအိမ်တွေမီးမကူးဘဲ ကာကွယ်နိုင်ပါတယ်။

ဖလမ်းမြို့နယ် စည်ပင် ဥက္ကဌ ဦးဒါရ်လျန်အုပ်က “အပေါ်ထပ်အိမ်သာဘက်က လျှပ်စစ် Main switch ရှိတဲ့နေရာကနေ မီးစလောင်တယ်။ အနီးက စည်ပင်ရုံး၊ မြို့တော်ခန်းမ နဲ့ အိုးအိမ်တွေလည်း မီးခိုးထွက်နေပြီ။ ဒါပေမယ့် မီးမကူးအောင် ကာကွယ်နိုင်တယ်။ ကံကောင်းတာက လေမတိုက်လို့ ကာကွယ်နိုင်တာပါ။ ရုံးထဲမှာ လူမရှိဘူးထင်တာပဲ။ ဒီရုံးက တော်တော်ဟောင်းနေပြီ။ ဖြိုဖျက်ပြီးတော့ အသစ်ပြန်ဆောက်ဖို့ စီစဉ်နေကြတဲ့အချိန်လည်းဖြစ်တယ်” လို့ပြောပါတယ်။

မြို့နယ် သစ်တော်ဦးစီးဌာနရုံးဟာ ပေ 40 x 32 နှစ်ထပ်အိမ်ဖြစ်ပြီး အပေါ်ပိုင်းက ပျဉ်ထောင်နဲ့ ကာထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်