မေ ၂၀၊ ၂၀၂၆
Zalen

ချင်းပြည်နယ်အတွက် ဒေသတွင်းရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ ဖလမ်း-ဟားခါးလမ်းပိုင်း တလန်ဇာရ်ကျေးရွာအနီးတွင်တည်ရှိတဲ့ လိုင်ဗားဆည်ရေထိန်းတံခါးကို မနေ့က မေလ ၁၉ရက်နေ့တွင် ရေထိန်းဘားဖောက်ချခံရတဲ့ သတင်းများထွက်ပေါ်လာပါတယ်။
အဆိုပါ ဆည်ဟာ ဖလမ်းမြို့နဲ့ မြို့အနီးတဝိုက်ကကျေးရွာတွေတွက် သောက်သုံးရေအပြင် နေ့စဉ်သုံးရေများကို ဒေသလိုအပ်ချက်ရဲ့ ၉၀ရာခိုင်နှုန်းနီးပါးထိ အဓိကဖြန့်ဖြူးပေးနေရသော ဆည်တခုလည်း ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတဦးက “ပြီးခဲ့မေလ ၁၈ရက်နေ့ထိ ရေကန်မှာရေရှိသေးတယ်။ ၁၉ရက်နေ့ရောက်မှ ရေမရှိတော့တာပါ၊ ဒါဟာ တစုံတဦးရဲ့လက်ချက်လားဆိုတာတော့ အတိအကျ ဘယ်သူမှမသိနိုင်ဘူး” လို့ဆိုပါတယ်။
ဖြစ်ပုံကတော့ ရေလှောင်တမံရှိ ရေထိန်းဘားကို ဖွင့်ချလိုက်တာကြောင့် ကန်အတွင်းမှ ရေများအားလုံး ကုန်စင်သွားခဲ့ရတာလို့ဆိုပါတယ်။ ရေလှောင်ကန်ထဲ ရေပြန်ရောက်ဖို့ဆိုလျှင် လက်ရှိနယ်မြေခြေနေအရ အချိန်ကြန့်ကြာနိုင်တယ်လို့သိရှိရပါတယ်။
ထိုနေရာအနီးတဝိုက်ဟာ လက်ရှိချိန်မှာတော့ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေဖြစ်တယ်လို့လည်း သိရှိရပါတယ်။
စစ်ကောင်စီဟာ ဖလမ်းမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံမှ ပြီးခဲ့တဲ့ဧပြီ ၂၅ရက်နေ့က ပြန်လည်သိမ်းယူပြီးနောက်ပိုင်း အစိုးရလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရန် မေလ ၆ရက်နေ့ အစိုးရဝန်ထမ်းအင်အား ၁၀၀ကျော်ဖြင့် မြို့သို့စေလွှတ်ခဲ့ပါတယ်။
ဒီနေ့တွင်လည်း ဖလမ်းမြို့ပြန်လည်တည်ထောင်ရေးအဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူအချို့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ဒေသခံအမျိုးသမီး မမေရီမှလည်း “ဒီလိုင်ဗားရေကန်က ငါတို့တွေ အရင်အေးချမ်းတဲ့ချိန်တောင် ရေကန်ဖာတာတို့ ပြင်တာတို့ဆို ၄/၅ရက်လောက် ရေမပေးနိုင်တဲ့ချိန်ကြုံတွေ့ဘူးတယ် ဘယ်လောက် အဆင်မပြေဖြစ်ခဲ့လည်း ခုဆိုပိုတောင်ခက်မှာ ပြန်ပြင်ဖို့ပိုလည်းကြာနိုင်မယ် ၊ ထမင်းအသက် ၇ရက် ရေအသက် ၁ရက်ဆိုတဲ့ မြန်ဆိုရိုးစကားတောင်ရှိတာပဲ ရေကန်ကို ဖျက်ဆီးသူဟာ မည်သည့်အဖွဲ့အစည်းဖြစ်ပါစေ ခုလိုအများသူဌာသောက်သုံးနေတဲ့ ရေကန်ကို ဖျက်ဆီးတာဟာ ဘုရားအလိုရှိတဲ့အရာမဟုတ်သလို ငါတို့ပြည်သူတွေအလိုရှိရာလည်း မဟုတ်ဘူးလို့” သူမကပြောပါတယ်။
ဖလမ်းမြို့ဟာ တောင်ပေါ်ဒေသ ဖြစ်တာကြောင့် မြေပြန့်ဒေသကဲ့သို့ ရေတွင်းရေကန်ဆိုတာမျိုး မရှိတဲ့အတွက် အဆိုပါရေကန်ကိုပဲ အားကိုးအားထားပြုနေရခြင်းဖြစ်ပါတယ်။ ယခုလို သောက်သုံးရေပြတ်လပ်သွားစေရန် ပြုလုပ်ခြင်းဟာ ဒေသအနီးတဝိုက်ကျေးရွာနေပြည်သူများအပြင် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံပြည်သူတို့အတွက် စိုးရိမ်စရာခြေနေပါ။
ယင်းကိ
မိုင်နွေဦး
ဓာတ်ပုံ – လူမှုကွန်ယက်
#ဖလမ်းမြို့#လိုင်ဗားဆည်#ရေဘားဖွင့်ချ#Zalen

















