ဖလမ်းမြို့အနီးတွင် မြေမြုပ်မိုင်းနင်းမိရာ လူငယ်တစ်ဦး ခြေထောက်နဲ့ လက်တစ်ဖက် ပြတ်သွား

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ရိလမ်းမဘေးတွင် ယနေ့ မေ ၁ရက်ညနေ ၂ နာရီခွဲလောက်က အရပ်သားလူငယ်တစ်ဦးက မိုင်းနင်းမိရာ ဘယ်ဘက်ခြေထောက်နဲ့ လက်ပြတ်သွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဖလမ်းမြို့ကနေ လိုင်မွှာလ်ရွာသို့ ဘော်လီဘောကစားရန် လူငယ်တသိုက်ဆိုင်ကယ်နဲ့သွားရာ ရိလမ်းခွဲကနေ ၂ ဖာလုံလောက်အကွာမှာ အသက် ၁၈ နှစ်အရွယ် ဆလိုင်းမောင်းလျန်ထန်ဟာ မိုင်းနင်းမိသွားတယ်လို့သိရတယ်။ ဒဏ်ရာရရှိတဲ့လူနာကို ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်နဲ့ ဘယ်ဘက်လက် တတောင့်စေ့အောက်ကနေ ဖြတ်တောက်ဖို့လိုမယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ဆိုပါတယ်။ ဆလိုင်းမောင်းမောင်းနဲ့အတူပါလာတဲ့ အမျိုးသမီးကတော့ ထိခိုက်မှုမရှိပေမယ့် သတိမေ့သွားကာ ပြန်လည်နေကောင်းသွားပြီလို့သိရတယ်။

လူနာကို သွေး ပုလင်း ၃ လုံးဖြည့်ပြီး ယနေ့ည ခွဲစိတ်မှုပြုလုပ်ကြမယ်လို့သိရတယ်။ ၎င်းတို့နင်းမိတဲ့ မိုင်းဟာ ဘယ်အဖွဲ့ ထောင်ထားတဲ့မိုင်းဆိုတာ မသိရပါ။

Zawgyi

ဖလမ္းၿမိဳ႕အနီးတြင္ ေျမျမဳပ္မုိင္းနင္းမိရာ လူငယ္တစ္ဦး ေျခေထာက္နဲ႔ လက္တစ္ဖက္ ျပတ္သြား

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕အနီး ရိလမ္းမေဘးတြင္ ယေန႔ ေမ ၁ရက္ညေန ၂ နာရီခြဲေလာက္က အရပ္သားလူငယ္တစ္ဦးက မုိင္းနင္းမိရာ ဘယ္ဘက္ေျခေထာက္နဲ႔ လက္ျပတ္သြားတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ဖလမ္းၿမိဳ႕ကေန လုိင္မႊာလ္ရြာသို႔ ေဘာ္လီေဘာကစားရန္ လူငယ္တသိုက္ဆုိင္ကယ္နဲ႔သြားရာ ရိလမ္းခြဲကေန ၂ ဖာလံုေလာက္အကြာမွာ အသက္ ၁၈ ႏွစ္အရြယ္ ဆလုိင္းေမာင္းလ်န္ထန္ဟာ မိုင္းနင္းမိသြားတယ္လို႔သိရတယ္။ ဒဏ္ရာရရွိတဲ့လူနာကို ဖလမ္းၿမိဳ႕ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ရာ ဘယ္ဘက္ေျခေထာက္ ဒူးေခါင္းေအာက္နဲ႔ ဘယ္ဘက္လက္ တေတာင့္ေစ့ေအာက္ကေန ျဖတ္ေတာက္ဖုိ႔လိုမယ္လုိ႔ ေဆးရံုတာဝန္ရွိသူေတြက ဆုိပါတယ္။ ဆလုိင္းေမာင္းေမာင္းနဲ႔အတူပါလာတဲ့ အမ်ဳိးသမီးကေတာ့ ထိခိုက္မႈမရွိေပမယ့္ သတိေမ့သြားကာ ျပန္လည္ေနေကာင္းသြားၿပီလုိ႔သိရတယ္။

လူနာကို ေသြး ပုလင္း ၃ လံုးျဖည့္ၿပီး ယေန႔ည ခြဲစိတ္မႈျပဳလုပ္ၾကမယ္လုိ႔သိရတယ္။ ၄င္းတို႔နင္းမိတဲ့ မုိင္းဟာ ဘယ္အဖြဲ႔ ေထာင္ထားတဲ့မိုင္းဆိုတာ မသိရပါ။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်