ဖလမ်း-ရိခေါ်ဒါရ်ကြား နယ်စပ်လမ်းမပေါ်က တံတားတစ်စင်း ရေထဲမျောပါ

ဖလမ်းမြို့မှာ အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့ကိုသွားတဲ့ Tlairawn ချောင်း တံတားဟာ သြဂုတ် (၆)ရက်ညနေပိုင်းမှာ တောင်ကျချောင်းရေကြောင့် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သတင်းရရှိပါတယ်။

ယင်းတံတားဟာ ဖလမ်းမြို့ကနေ (၁၁)မိုင်ကျော် ဝေးပြီး အင်္ဂလိပ်ခေတ်တုန်းက တည်ဆောက်ထားတဲ့ သံတံတားဖြစ်ပြီး တံတားအရှည် ပေ (၃၀) ကျော်ရှိပါတယ်။

တံတားပျက်စီးပုံနဲ့ပတ်သက်ပြီး ချောင်းအနီးရှိ Zathlir ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗျက်လျန်ဟရဲက “ဒေသခံတွေက ဒီတံတားကိုပဲ အဓိကသုံးနေတာပါ။ မနှစ်တုန်းက ရှောင်ကွင်းလမ်းတစ်ခုဖောက်ထားပေမယ့် ၃ မိုင်ကျော်လောက်ပိုဝေးတယ်။ ပြီးတော့ လမ်းလည်းမိုးရာသီမှာဆိုမြေပြိုတာတွေခဏခဏရှိတော့ မသုံးကြဘူး။ ခုတော့ မဖြစ်နိုင်တော့တဲ့အဆုံး အဲ့လမ်းကိုပဲသုံးရတော့မှာပေါ့။ အခုပျက်စီးသွားတဲ့တံတားက လေယာဉ်ကွင်းက မြေစာကြောင့် ချောင်းရေတိမ်လာတော့ မနှစ်တုန်းက ၄ ပေကျော်ကျော်မြင့်ထားတယ်။ ဘေးမှာလည်း တံတားသစ်ဆောက်မလိုလိုနဲ့ ကျင်းတူးပြီး ထားခဲ့ကြတယ်။ ချောင်းကမ်းပါးကို ကွန်ဂရက်နဲ့မကိုင်တော့ မိုးရာသီတွက်သိပ်မခိုင်ဘူး” လို့ပြောပါတယ်။

အခု ပျက်စီးသွားတဲ့တံတားဟာ ဖလမ်းမြို့ အနောက်ဘက်က ကျေးရွာတွေအားလုံးအသုံးပြုတဲ့လမ်းမကြီးဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းလည်းဖြစ်ပါတယ်။

ဦးဗျက်လျန်ဟရဲက “ဒီဖြစ်စဉ်ကို ထွေအုပ်ရုံးမှာ ထူးခြားဖြစ်စဉ်အနေနဲ့ သတင်းပို့ထားပြီ။ ပြီးတော့ ဖလမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Dr. Riang Vel နဲ့ NLD အမတ်လောင်း ဦးဟဲဒွန်တို့ ရွာကိုလာတော့ သူတို့ဆီမှာလည်းပြောထားပြီ” လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်