ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို BPLAနဲ့ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်

၁၃၊ဒီဇင်ဘာ၊၂၀၂၃
Zalen

ပဲခူးတိုင်း၊ဖြူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းမပေါ်မှာရှိတဲ့ ညောင်ပင်သာရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)တို့ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ မနက်မှာ တိုက်ခိုက်သိမ်းခဲ့တယ်လို့BPLAကထုတ်ပြန်ထားပါတယ်။

အင်အား ၆၀ခန့်ရှိတဲ့ညောင်ပင်သာရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယနေ့မနက် ၅နာရီခိုက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ထက်မနည်း သေဆုံးခဲ့ကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ BPLAတပ်ဖွဲ့ဝင် ၄ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးကျဆုံးသွားတယ်လို့သိရပါတယ်။

တိုက်ပွဲအပြီး သေနတ် ၁၃လက်၊RPG ထိပ်ဖူး ၂၁လုံး၊RPG ပို့ယမ်း ၁၇ခု၊လက်နက်ကြီးလက်နက်ယ်ကျည်နဲ့ ခဲယမ်းများ၊စစ်အသုံးဆောင်ပစ္စည်းများကို ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။

Zalen ad

ယမန်နေ့ ဒီဇင်ဘာ၁၂ရက်နေ့မှာလည်း ရွေကျင်မြို့နယ်ရှိ ကွန်ဖဲ့စခန်းကို BPLAကသွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းရှိစစ်ကောင်စီတပ်သားများဟာ စခန်းကိုစွန့်ခွါထွက်ပြေးသွားခဲ့တာကြောင့် စခန်းကိုအလွယ်သိမ်းပိုက်ရရှိနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

BPLA တပ်ဖွဲ့ဟာ တောင်ပိုင်း အမှတ် ၁၀၇စစ်ဒေသနှင့်မြောက်ပိုင်း အမှတ် ၂၀၇စစ်ဒေသတို့မှာ မဟာမိတ်များနဲ့တူတကွ စစ်ကောင်စီများကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်း BPLAကအသိပေးထားပါတယ်။

HAK

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်