ဗန်တလန်ကျေးရွာကို လေကြောင်းတိုက်ခိုက်မူကြောင့် လူနေအိမ် အများအပြားပျက်ဆီး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်တလန်ကျေးရွာ နဲ့ Malsawm ကျေးရွာကို မေလ ၂ ရက်နဲ့ ယနေ့ မေလ ၄ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြု လုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။

 ပြီးခဲ့တဲ့ မေလ ၂ရက် နေ့ မနက် ၁၀နာရီခန့် တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်း ဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာလူနေအိမ် ၁၅လုံး ပျက်ဆီးကြောင်း သတင်းရရှိပါတယ်။

ဂန့်ဂေါ မှ ဟားခါးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ရင်း (၇၇) ကို CNA၊ CDF ပူးပေါင်းတပ်ဖွဲ့မှ ဗန်တလန်ကျေးရွာအအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက် အကျဆုံး များသောကြောင့် ဗန်တလန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗန်တလန်ကျေးရွာ လေကြောင်းတိုက်ခိုက် ခံရချိန်တွင် ရွာထဲက လူတွေ မရှိလို့ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင့်သိရသည်။ထို့အပြင် ဂန့်ဂေါ-ဟားခါး လမ်းတစ်လျှေက်ရှိ ရွာသားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Zalen ad

ယနေ့မေလ ၄ ရက်တွင် ဂန့်ဂေါ-ဟားခါးလမ်းအနီးရှိ Malsawm ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားလို့ ဂျက်လေယာဥဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်တယ်လို့သိရတယ်။ ထိခိုက်ပျက်စီးမှုစာရင်းတော့ မသိရသေးပါ။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်