ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့် လစ်ဇ်ထရပ်စ် ဆိုတာဘယ်သူလဲ

လက်ရှိဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်ထားပြီး ဘောရစ်ဂျွန်ဆန်ကို အစားထိုးတော့မည်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာမယ့် လစ်ဇ်ထရပ်စ်ကတော့ ပြိုင်ဘက်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီချီဆူနက်ကို အနိုင်ယူကာ ဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ခံရတာဖြစ်ပါတယ်။ သူကတော့ ဗြိတိန်နိုင်ငံ၏ တတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ပါတယ်။

လစ်ဇ်ထရပ်စ်ဟာ ဘယ်သူလဲ
အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လစ်ဇ်ရပ်စ်ဟာ အင်္ဂလန်မြောက်ပိုင်းဖြစ်တဲ့ စကော့တလန်တွင်ကြီးပြင်းလာခဲ့ပြီး သူမရဲ့ နိုင်ငံရေးဘဝဟာ လက်ဝဲနိုင်ငံရေးဝါဒကို စွဲကိုင်သောသူကနေ လက်ယာနိုင်ငံရေးဝါဒကို စွဲကိုင်လာသောသူအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

အော့စဖို့တက္ကသိုလ်တွင် သူမဟာ လီဘရယ်ဒီမိုကရတ်စ်အဖွဲ့ကို ဝင်ခဲ့ပြီး ဗြိတိန်နိုင်ငံ၏ ဘုရင်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ဖူးပါတယ်။ ၁၉၉၆ ခုနှစ်တွင် ကွန်ဆာဗဲတစ်ပါတီဝင်ခဲ့ပြီး ရေနံကုမ္ပဏီဖြစ်တဲ့ Shell PLC အတွက် အလုပ်လုပ်ခဲ့ပါတယ်။

305395865_159236653368616_4864061514386974369_n

၂၀၁၀ ခုနှစ်တွင် လွတ်တော်ကို ကွန်ဆာဗဲတစ်ကိုယ်စလှယ်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီးနောက် သူဟာ ရာထူးအဆင့်ဆင့် တိုးလာခဲ့ပြီး အနားယူတော့မယ့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်၏ နိုင်ငံခြားရေးဝန်ကြီး ရာထူးအပါအဝင် အခြားသော ရာထူးများကိုလည်း ပေးအပ်ခြင်းခံခဲ့ရပါတယ်။

ပါတီအတွင်း ဆန့်ကျင်မှုများရှိခဲ့သော်လည်း လစ်ဇ်ထရပ်စ်ကတော့ ဝန်ကြီးချုပ်ဂျွန်ဆန်ကို ဆက်လက်ထောက်ခံခဲ့ပါတယ်။ ထို့နောက် ဘောရစ်ဂျွန်ဆန်၏ အဓိပတိဟောင်းဖြစ်တဲ့ ရီချီဆူနက်နဲ့ အပတ်အတန်ကြာ ပါတီ၏ ခေါင်းဆောင်နေရာတွင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

လစ်ဇ်ထရပ်စ်ဟာ ပြည်နယ်များခွဲထွက်ရေးနှင့် အခွန်လျှော့ကောက်ရေးကို ထောက်ခံအားပေးနေသော လစ်ဘရယ်ဝါဒစွဲကိုင်သောသူ တစ်ယောက်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အသစ်ဟာ ဘယ်ချိန်က စပြီး တာဝန်ထမ်းဆောင်မှာလဲ

ဘုရင်မကြီးအယ်လီဇာဘက် ၂ က လစ်ဇ်ထရပ်စ်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာကို ဆန့်ကျင်ပြီး ဘုရင်မကြီးကတော့ ဝန်ကြီးချုပ်အသစ်ကို ဘာကင်ဟန်နန်းတော်ကနေ ဝန်ကြီးချုပ်အသစ်ကို ခန့်အပ်တာဝန်ပေးမှာမဟုတ်ပဲ သူမ၏ နေအိမ်ဖြစ်တဲ့ Balmoral ကနေသာ ဝန်ကြီးချုပ်အသစ်ကို ခန့်အပ်တာဝန်ပေးမည်ဖြစ်ပါတယ်။ ဘုရင်မကြီးဟာ ဝန်ကြီးချုပ်ပေါင်း ၁၄ ဦးကို လန်ဒန်မှာပဲ ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။

လစ်ဇ်ထရပ်စ်ဟာ ဘယ်ပါတီဝင်လဲ
လစ်ဇ်ထရပ်စ်ဟာ ကွန်ဆာဗဲတစ်ပါတီဝင် တစ်ယောက်ဖြစ်ပါတယ်။ ကွန်ဆာဗဲတစ်ပါတီကတော့ ၂၀၁၀ ကစပြီး ခုချိန်အထိ အုပ်ချုပ်ခွင့် အာဏာကို ရရှိထားသော ပါတီဖြစ်ကာ ဗြိတိန်နိုင်ငံတွင် လာမယ့် ရွေးကောက်ပွဲကို ၂၀၂၅ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါတယ်။

လစ်ဇ်ထရပ်စ်ဟာ ၁၉၈၀ ခုနှစ်ကျော်တွင် ဗြိတိန်နိုင်ငံကို ငွေကြေးဖောင်းပွကနေ ဦးဆောင်ခဲ့သော မာဂရတ်ထက်ချာကို စံပြထားလေးစားကြောင်း မကြာခဏ ပြောကြားလေ့ရှိပါတယ်။

305657925_623680455991535_5753976496488514972_n

လစ်ဇ်ထရပ်စ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော နေရာများ
လစ်ဇ်ထရပ်စ်ဟာ ၂၀၁၄ ခုနှစ်ကစပြီး ရာထူးများစွာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ တရားမျှတရေးနှင့် နိုင်ငံတကာကုန်သွယ်ရေး ဌာနတို့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၁ မှာတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသော ဒုတိယမြောက် အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ သူကတော့ ၂၀၁၆ ခုနှစ်တွင် ဗြိတိန် ဥရောပသမဂ္ဂကနေ ခွဲထွက်မှုကို ဆန့်ကျင်ကာ မဲပေးခဲ့ပါတယ်။

ဘောရစ်ဂျွန်ဆန် ဘာကြောင့် အနားယူလိုက်တာလဲ
ပါတီအတွင်း ကြီးမားသော ဆန့်ကျင်မှုများရှိခဲ့ပြီးနောက် ဘောရစ်ဂျွန်ဆန်ဟာ ဝန်ကြီးချုပ် ရာထူးကနေ အနားယူရန် ဆုံးဖြတ်လိုက်ပါတယ်။ တစ်ချို့ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ပါတီပွဲများစွာ ပြုလုပ်ခဲ့သောကြောင့် ဘောရစ်ဂျွန်ဆန်ကို မယုံကြည်နိုင်တော့ကြောင်း ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်