ဘင်္ဂလာဒေ့ရှ်က ကူကီးစစ်ဘေးရှောင်များ ဘာကြောင့် မီဇိုးရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတာလဲ

မီဇိုရမ်ပြည်နယ်အစိုးရ၏ တနင်္လာနေ့တွင် ပြောကြားချက်အရ ဘင်္ဂလာဒေ့ရှ်နိုင်ငံကနေ လာမယ့်အပတ်အများအတွင်း ထပ်မံဝင်ရောက်လာမယ့် စစ်ဘေးရှောင်ဒုက္ခသည်အများအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဆိုပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့အထိ နောက်ဆုံး မီဇိုရမ်ထဲကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသော ကူကီး-ချင်း-မီဇိုးစစ်ဘေးဒုက္ခသည်များကို အစားအစာနှင့် နေရာထိုင်ခင်းများ ထောက်ပံ့ပေးရန် သဘောတူခဲ့ကြပြီးနောက် ခုလို ပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်ပါတယ်။

ထိုစစ်ဘေးရှောင်များကို မီဇိုရမ်ပြည်နယ်အစိုးရကတော့ “ခိုလုံခွင့်ရှာဖွေသူများ” ဟု သုံးနှုန်းထားပြီး လက်ရှိအချိန်အထိ ချင်းအနွယ်ဝင် Bawm မျိုးနွယ် အမျိုးသမီးများနှင့် ကလေးများအပါအဝင် စုစုပေါင်း ၂၇၂ ဦး Lawngtlai သို့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ကူကီးချင်းအမျိုးသားတပ်ဦး (Kuki-Chin National Front)လက်အောက်တွင်ရှိသော ကူကီချင်းအမျိုးသားတပ် (Kuki-Chin National Army) တို့ပူးပေါင်းတပ်နှင့် ဘင်္ဂလာဒေ့ရှ်အစိုးရ ရဲတပ်ဖွဲ့ဖြစ်တဲ့ Rapid Action Battalion အကြား စစ်တစ်ကောင်းတောင်ကြောက Bawm လူမျိုးစုများ နေထိုင်မှုများသော ဘန်ဒါဘန်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုနေရာတွင်နေထိုင်သော Bawm လူမျိုးများဟာ တိုက်ပွဲအကြား ပိတ်မိမှာ စိုးရိမ်သောကြောင့် မီဇိုရမ်ကို ထွက်ပြေးသွားတာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူများက ပြောပါတယ်။

ဒါဟာ ဒုတိယအကြိမ် အိမ်နီးချင်းနိုင်ငံကနေ မီဇိုရမ်ကို စစ်ဘေးရှောင်များ ရောက်လာခြင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွင်လည်း မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာဘက်က ကူကီး-ချင်းလူမျိုများကလည်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာခဲ့ပါတယ်။

“တစ်ခါတစ်လေ မြန်မာစစ်ဘေးရှောင်တွေ ဒီမှာ ၃၀၀၀၀ အထိရှိလာတယ်။ ဒါပေမယ့် ဒီပမာဏက အမြဲတမ်းပြောင်းလဲနေတယ်။ မြန်မာနိုင်ငံမှာ အခြေအနေအနည်းငယ် တည်ငြိမ်လာချိန် သူတို့ ပြန်သွားကြတယ်။ အခြေအနေဆိုးလာရင် သူတို့ ပြန်လာတယ်။ ခုတော့ စစ်ဘေးရှောင်တွေဟာ အခြားသော ခရိုင်များကိုလည်း ပျံ့နှံ့သွားပြီ။ အများစုဟာ စစ်ဘေးရှောင်စခန်းမှာ မနေကြတော့ဘူး၊ ဆွေမျိုးများ သို့မဟုတ် အိမ်ငှားပြီး နေထိုင်ကြတယ်။ အများစုက အခု မီဇီုရမ်မှာ အလုပ်လုပ်နေကြတယ်။ ဆောက်လုပ်ရေးမှာ အလုပ်လုပ်တဲ့သူတွေလည်း များတယ်” ဟု ပြည်နယ်အစိုးရက ပြောပါတယ်။

“KNF ကို Bawm ပါတီလို့လည်း ခေါ်ကြတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ Bawm ညီအစ်ကိုများဖြစ်တယ်။ အိန္ဒိယ အစိုးရကို ၁၉၆၀ ကနေ ၁၉၈၀ ကျော်အထိ လက်နက်ကိုက် ပုန်ကန်ခဲ့ကြသော Mizo National Front ခေါင်းဆောင်အများစုဟာ နှစ်ပေါင်း ၂၀ မြေအောက်တော်လှန်ရေးလှုပ်ရှားချိန်မှာ သူတို့ဟာ ဒေသအတွင်းက ဒီလိုလူမျိုးနွယ်စု အကြားမှာ ခိုလှုံခွင့် ရှာခဲ့ကြတယ်။ ဆိုတော့ ကျွန်တော်တို့ တက်နိုင်တဲ့နည်းနဲ့ ကူညီမယ်” ဟု အိန္ဒိယအောက်လွှတ်တော်အမတ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဗန်လာလ်းဇော်မာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွင် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လူသားချင်းစာနာရေး စိန်ခေါ်မှုများ ရှိလာချိန်တွင် မြန်မာဘက်က စစ်ဘေးရှောင်းများကို မျက်ကွယ်မပြုသင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ ဇိုရမ်ထန်ငါက အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုစာရေးသား ခဲ့ပါတယ်။ အိန္ဒိယဗဟိုအစိုးရရဲ့ မြန်မာဘက်က စစ်ဘေးရှောင်များ ဝင်ရောက်လာမှုကို တားဆီးရန် လုံခြုံရေးတင်းကြပ်မှု စီမံချက်ကို ဆန့်ကျင်ကြောင်းနှင့် ရောက်လာသောသူများကိုလည်း ပြန်လည်ပို့ဆောင်ရေးကို ဆန့်ကျင်ကြောင်း အိန္ဒိယဝန်ကြီးချုပ်ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က စာရေးသား ခဲ့ပါတယ်။

ဘင်္ဂလာဒေ့ရှ်တွင်ရှိသော ကူကီး-ချင်း လူမျိုးများဟာ CHT လို့ခေါ်တဲ့ စစ်တကောင်းတောင်ကြောတွင် နေထိုင်သော လူမျိုးစုပေါင်း ၁.၈ သန်းအကြား လူဦးရေ ၆၀ သောင်းကနေ ၇၀ အကြားသာရှိသော လူမျိုးစုဖြစ်ပါတယ်။ စစ်တကောင်းတောင်ကြောက ပဋိပက္ခဟာ Chakmas လူမျိုးစု ကြီးစိုးနေသော United People’s Party နှင့် ဘင်္ဂလာဒေ့ရှ်ရဲများအကြား ၁၉၇၀ ကနေ ၁၉၉၇ အထိ ကြီးမားစွာ ဖြစ်ပွားခဲ့သော ပဋိပက္ခများဖြစ်သော်လည်း နှစ်ဖက် သဘောတူငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့သော်လည်း မကြာသေးခင်က KNF ပေါ်ပေါက်လာခြင်းဟာ အလွန်ထူးခြားသော ဖြစ်ရပ်လည်းဖြစ်ပါတယ်။ လေ့လာသူများကတော့ KNF ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် တိုက်ပွဲဝင်နေသော အဖွဲ့အဖြစ်ကြောင်း၊ ဒီအဖွဲ့ဟာ ယခုနှစ်အစောပိုင်းအတွင်းမှာပဲ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ဆိုပါတယ်။ ဒီအဖွဲ့ကို ဘင်္ဂလာဒေ့ရှ်အစိုးရနှင့် ရဲတပ်ဖွဲ့ကတော့ လက်ခံထားခြင်း မရှိသောကြောင့် နှိမ်နှင်းရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။

KNF ကတော့ သူတို့မှာ အင်အား ၂၀၀ ကနေ ၃၀၀ အကြားရှိကြောင်း ထုတ်ပြန်ထားပြီး သူတို့အဖွဲ့ကို KIA နှင့် CNF က လေ့ကျင့်ပေးကာ လက်နက်တပ်ဆင်ပေးကြောင်း ဆိုပါတယ်။ KNF ဟာ စစ်တကောင်းတောင်ကြောတွင် နေထိုင်သော Chakmas လူမျိုးစု၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ United People’s Party အောက်တွင် လှုပ်ရှားနေသော Jana Samhati Samiti လက်နက်ကိုင်တပ်ဖွဲ့ကို အနိုင်တိုက်နိုင်ခဲ့ပြီး JSS ဟာ KNF ကြောင့် ကြီးမားစွာ ဆုံးရှုံးမှုများနဲ့ရင်ဆိုင်ခဲ့ရကြောင်း ဆိုပါတယ်။

ဘင်္ဂလာဒေ့ရှ်အစိုးရကတော့ KNF ကို ဖြိုခွဲနိုင်ရန် လနဲ့ချီသော စစ်ဆင်ရေးများ လုပ်ဆောင်နေပါတယ်။ မီဇိုရမ်အခြေစိုက် ကူကီး-ချင်း-မီဇိုး လူမျိုးစုများ ပြန်လည်ပေါင်းစည်းရေးအတွက် လှုပ်ရှားနေသော Zo Reunification Organization (ZORO) ၏ ပြောကြားချက်အရ ဘင်္ဂလာဒေ့ရှ်ရဲများဟာ ရခိုင်ပြည်နယ်က လက်နက်ကိုင်ဖြစ်တဲ့ အေအေနဲ့ ပေါင်းပြီး KNF ကို နှိမ်နှင်းရန် စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်နေကြောင်း ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလာဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသော ရိုဟင်ဂျာများ ရခိုင်ပြည်နယ်ကို ပြန်လာဖို့ဆိုရင် ဘင်္ဂလာဒေ့ရှ်အစိုးရဟာ အေအေ၏ ခွင့်ပြုမှုကို ရရှိထားရန် လိုအပ်ပြီး အေအေဟာ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်နေရာ တော်တော်များများကို ထိန်းချုပ်ထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်။ Indiaexpress သတင်းမှာဖော်ပြထားတဲ့ Why is Bangladesh driving Kuki refugees into Mizoram, a year after Myanmar militias did the same from Rakhine? ဆောင်းပါးကို သင့်လျှော်သလို ဘာသာပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်