ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးတွင် စစ်သား ၂၂ ယောက်သုတ်သင်နိုင်ခဲ့ပြီး ၁၄ ယောက် ပြင်းထန်ဒဏ်ရာရ

ရွှေဘိုမြို့နယ်မှာ ပထမဆုံးအဖြစ် ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂၂ ယောက် သေဆုံးပြီး ၁၄ ယောက်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ သီတဂူကျောင်းပေါက်ဝနားမှာ ဇူလိုင် ၂၃ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က ရေချိုးနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ပါဆယ်မှိုင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ၇ ယောက် ပွဲချင်းသေဆုံးသွားခဲ့သလို နောက် ၅ မိနစ်အကြာမှာလည်း ဆုတောင်းပြည့်ကွေ့က စစ်တပ်ယာဥ်တန်းကို ပါဆယ်ချိန်ကိုက်မိုင်းနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

“ရွှေဘိုမြို့ပေါ် UG အဖွဲ့တွေနဲ့ Mission ဖော်ဆောင်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ ၂ လလောက်တည်းကနေပြီးတော့ ကြိုတင်ပြင်ဆင်မှုလုပ်ခဲ့တာပါ။ သူတို့က အဲဒီအနီးနားမှာ စခန်းချထားတာကို ကြိုတင်ထောက်လှမ်းပြီးတော့ မှိုင်းခွဲလိုက်တာပါ” လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။

ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးအဖြစ် အခုလိုပွဲဦးထွက်တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး အလားတူတိုက်စစ်ဆင်မှုတွေကို ဖော်ဆောင်မှာဖြစ်လို့ အဓိကလိုအပ်နေတဲ့ AK47 သေနတ် ၂ လက်ကို ဝယ်ယူနိုင်ရေးအတွက် ကမ်ပိန်းပြုလုပ်လျက်ရှိတာကြောင့် ပြည်သူများပါဝင်ပေးကြဖို့ နယ်စည်းမခြားရွှေဘိုသားတော်လှန်ရေးအဖွဲ့က ပန်ကြားထားပါတယ်။

 “အဓိက လိုအပ်ချက်ကတော့ လက်နက်ခဲယမ်းမပြည့်စုံမှုတွေ အများကြီးရှိပါတယ်။ ထောက်ပို့ကလည်း အားနည်းတဲ့အတွက် အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ ဒါ့ကြောင့် အရေးပေါ်လိုအပ်နေတဲ့ AK47 လက်နက် ၂ လက်ဝယ်ယူနိုင်ရေးအတွက် ကမ်ပိန်းလုပ်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်