ဘေးလွတ်ရာရှောင်နေတဲ့ CDMကျောင်းဆရာတဦး နဲ့ သံဃာတပါး အပါအ၀င်ဒေသခံ ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်

မေလ ၂၆၊ ၂၀၂၆

Zalen

Zalen ad

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုဒေသအတွင်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက် လာလို့ ဘေးလွတ်ရာ တောထဲကို တိမ်းရှောင်ပုန်းအောင်းနေတဲ့ CDM ကျောင်း ဆရာဦး နဲ့ သံဃာတပါး အပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းက ကျောက်ထုဒေသ တပြင်းရွာအတွင်းကို ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံရွာသား‌ တွေက နီးစပ်ရာ တောတောင် တွေထဲကို ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခံကြတာလို့ ဆိုပါတယ်။

” မေလ ၂၂ ရက်နေ့ညက မိုးအရမ်းသည်းတဲ့ညကဖြစ်တာ။ တပြင်းရွာအနောက်ဘက် ကျောက်တောင် တံတားနား လျှိုမှာပုန်းကြတာတဲ့။ အဲဒီမှာ တပ်ဖြန့်ပြီး စစ်ကြောင်းနဲ့တိုးလို့အသတ်ခံကြရတာဗျ” လို့ ဒေသခံ အမျိုးသားတဦးက Zalen ကိုပြောပါတယ်။

အဆိုပါအသတ်ခံရတဲ့ ၄ ဦးထဲက တဦးက ကျောင်းဆရာ စီဒီအမ် တဦးဖြစ်တယ်လို့ သိရပြီး ကျန်တဲ့တယောက်ကတော့ ပဆုပ် ကျေးရွာက အမျိုးသား တဦးလို့သိရပါတယ်။

အသတ်ခံရသူတွေကတော့ တပြင်းရွာက ကျောင်း ဆရာ မျိုးမင်းကျော် (အသက် ၄၀ )နှစ်ခန့်၊ထွန်းကြိုင် (အသက် ၄၀ နှစ်)ခန့်၊ သက်တော် ၄၀ နှစ်ခန့်ရှိ ဦးဇင်းတပါး နဲ့ ကျော်သူရဝင်း (အသက် ၄၇ နှစ်၊ ပဆုပ်ရွာ) ကလို့ သိရပါတယ်။

ဒါ့အပြင် မေလ ၂၂ ရက်နေ့က ဖမ်းဆီးထားတဲ့ တပြင်းရွာ က ဒေသခံတွေထဲက အမျိုးသား ၃ ဦးကလည်း ဒီကနေ့အထိ ပြန်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ မေလ ၁၈ ရက်နေ့တုန်းကလည်း စိတ်ကျန်းမာရေး မကောင်းတဲ့ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတဦးက ထွက်မပြေးနိုင်ဘဲ တပြင်းရွာထဲ ကျန်ရှိနေတဲ့အချိန် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – ယောနေ

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်မှာ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအိုးခွက်၊ ရုပ်ကြွင်းများ တွေ့ရှိ၊ ပြတိုက်ငယ် ပြုလုပ်ထား

မေ ၂၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အလယ်ရေရှင်ဒေသမှာ နှစ်ပေါင်း ၄၀၀ မှ ၆၀၀ ဝန်းကျင် (အင်းဝခေတ်နဲ့ တောင်ငူခေတ်ကာလ) သက်တမ်းရှိပြီလို့ယူဆရတဲ့ ရှေးဟောင်းရုပ်ကြွင်းတွေနဲ့ သမိုင်းဝင်အထောက်အထားတွေကို မကြာသေးမီက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ...

ဆက်ဖတ်ရန်