မင်းတပ်နဲ့ ကန်ပက်လက်တွင်ဝန်ကြီးမရှိ၍နစ်နာတယ်ဆိုလို့ ဝန်ကြီးဌာနအသစ်တိုးရန်တင်ပြ ထားဟုဆို


https://www.facebook.com/naturegreenhill/

မင်းတပ်နဲ့ ကန်ပက်လက်တွင်ဝန်ကြီးမရှိ၍နစ်နာတယ်ဆိုလို့ ဝန်ကြီးဌာနအသစ်တိုးရန်တင်ပြ ထားဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ် ပြည်သူတွေက နယ်မြေခံဝန်ကြီးမရှိလို့နစ်နာတဲ့အကြောင်းတင်ပြလို့ ဝန်ကြီးဌာနအသစ်တိုးရန် တင်ပြထားတယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာ (၂၆)ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကန်ပက်လက်မြို့လာတုန်းက တင်ပြထားတာပါ။

အသစ်ဖွင့်လှစ်မယ့်ဝန်ကြီးဌာနမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာနလို့သတင်းထွက်ပေါ်နေပါတယ်။

ဝန်ကြီး ဦးစိုးထက်က “လောလောဆယ်တော့ တရားဝင်တော့မဖြစ်သေးပါဘူး။ ဒီလိုပဲ ကျနော်တို့ချင်းပြည်နယ်မှာ ဝန်ကြီးဌာနအသစ်တစ်ခုတိုးချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ကန်ပက်လက်မှာလာတုန်းက တင်ပြထားတာရှိတယ်။ အဲ့ဒါဘာကြောင့် တင်ပြထားတာလဲဆိုတော့ ကန်ပက်လက်ကလူတွေကလည်း သူတို့ဘက်မှာ ဝန်ကြီးမရှိလို့ သူတို့နစ်နာတဲ့အကြောင်း၊ မင်းတပ်ဘက်ကလည်း ဝန်ကြီးမရှိလို့ နစ်နာတဲ့အကြောင်း ဒီလိုတွေတင်ပြတာတွေရှိတယ်။ ချင်းပြည်နယ်ထဲမှာ စည်းလုံးညီညွှတ်မှုအန်မတန်မှပျက်ပြားတာတွေရှိတယ်။ အဲ့ဒါတွေအစားထိုးဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေဆီမှာ တင်ပြထားတယ်။ အဲ့ဒါတော့ ဟိုဖြစ်နိုင်ခြေတော့ရှိပါတယ်။ ဘာမှတော့ တိတိကျကျတော့ ထုတ်ပြန်ချက်မရှိသေးဘူး။ တကယ်လို့ခန့်ပြီးဆိုရင်လည်း လွတ်တော်မှာအတည်ပြုရမှာပေါ့။ လွတ်တော်မှာ ကြေညာပေးရမယ်။ လွတ်တော်မှာအတည်ပြုပေးရမယ်။ ကျနော်တို့ပြည်နယ်ကလည်းသေးတယ်။ အရင်တုန်းက ၂၀၁၀၊ ၁၅ တုန်းကတော့ ဝန်ကြီးအားလုံးပေါင်း ကိုးယောက်ရှိတဲ့ခါကျတော့ မြို့နယ်အားလုံးမှာ ဝန်ကြီးတစ်ပါးဆီရှိတဲ့တွက် အဆင်ပြေတယ်။ အခုတော့ မြို့နယ်အလိုက်မှာအဲ့လိုမရှိတဲ့ခါကျတော့ မြို့နယ်တွက်နစ်နာတယ်လို့တင်ပြလာတဲ့အပေါ်မှာ စဉ်းစားတာပေါ့။ ဝန်ကြီးအသစ်က မင်းတပ် ဒါမှမဟုတ် ကန်ပက်လက်က တစ်ယောက်ယောက်ဖြစ်နိုင်တယ်။ ဒီလ ၂၇ ရက်နဲ့ ၂၈ ရက်ပြည်နယ်လွတ်တော်မှာ ဆွေးနွေးဖို့ဖြစ်နိုင်ခြေများတယ်။ တရားဝင်အကြောင်းကြားစာတော့မရှိသေးဘူး” လို့ပြောပါတယ်။

လက်ရှိချင်းပြည်နယ်အစိုးရတွင် ဝန်ကြီးဌာန (၆)ခုရှိပြီး ၎င်းတို့မှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စည်ပင်၊ လျှပ်စစ်နှင့် စစ်မှုလက်မှုဝန်ကြီးဌာန၊ နှင့် လူမှုရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်