မင်းတပ်မြို့တွင် နေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွ ား

 

မင်းတပ်မြို့တွင် နေအိမ်(၄)လုံးမီးလောင်မှုဖြစ်ပွား

မင်းတပ်မြို့ အနောက်ရပ်ကွက် အ.ထ.က(၃)ကျောင်းအနီးမှာ မတ်လ(၂၂)ရက် ည(၁၀း၃၀)နာရီခန့်ကစတင်ပြီး မီးလောင်၍ နေအိမ် (၄)လုံးမီးထဲပါသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းမီးဟာ ဦးပေါင်းထန်းနိုင်းနေအိမ်ကနေ စတင်မီးလောင်းသွားတာဖြစ်ပြီး အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနားဟုန်းနေအိမ်လည်း မီးလောင်တဲ့ထဲမှာသွားပါတယ်။ မီးထဲပါသွားတဲ့နေအိမ်ကတော့ ဦးပေါင်းထန်းနိုင်းနေအိမ်အပါအဝင် ဦးနားဟုန်းနေအိမ်၊ဦးဟာထန်းနေအိမ်နှင့် ဦးရွှေထန်းတို့နေအိမ်ဖြစ်ပါတယ်။

Zalen ad

အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနားဟုန်းက “ကျနော်တို့က သုံးအိမ်မြောက်မှာလောင်တာ။ မီးစလောင်တာက ၁၀း၃၀ နာရီဝန်းကျင် ကလေးတွေအိပ်နေပြီ။ အဲ့ချိန်မှာ အပြင်ဘက်ကနေ မီးလောင်ပြီ ထကြထကြလို့အော်ကြတော့ အပြင်ထွက်ကြည့်တာ ပထမဆုံး မီးလောင်တဲ့အိမ်က ခေါင်မိုးပေါ်မီးဆံထွက်နေပြီ။ ကျနော်တို့ဆို ဘာပစ္စည်းမှမယူနိုင်ဘူး။ သိန်း(၁၀၀)ဝန်းကျင်တန်ဖိုးရှိတဲ့ ဝဥတွေ၊ သစ်စက်တွေ၊ ဆိုင်ကယ်တွေအားလုံးပေါင်းရင် သိန်းထောင်ဂဏန်းလောက်ဆုံးရှုံးသွားတယ်။ အခုတော့ သားရဲ့အိမ်မှာပဲနေတယ်။ တခြားလူတွေလည်း ဆွေးမျိုးတွေအိမ်မှာလိုက်နေကြတယ်။ ကျနော်တို့အိမ်က မတူပီသွားတဲ့လမ်းပေါ်မှာရှိတယ်”လို့ပြောပါတယ်။

ဦးပေါင်းထန်းနိုင်းရဲ့သား (၅)တန်းအရွယ်ကလေးဟာ မနေ့ညကပျောက်ဆုံးပေမယ့် ဒီမနက်မှာ ၎င်းအဖွားတို့နေအိမ်မှာ ပြန်လည်တွေ့ရှိပါတယ်။ ယင်းမီးကို မတ်လ(၂၃)ရက် နံနက် ၁၂နာရီကျော်မှ မီးငြိမ်းသွားပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်