မင်းကင်းမှာ မင်္ဂလာပွဲ လေယာဉ်ဖြင့်ဗုံးကြဲခံရပြီး ကလေးငယ်အပါဝင် အရပ်သား ၂၀ကျော်သေဆုံး၊၄၀ကျော်ဒဏ်ရာရ

၃၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် မတောရွာမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သား ၂၀ကျော်သေဆုံးပြီး ၄၀ကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။

ဇွန်လ ၃ရက် ယနေ့မနက် ၈နာရီမှာ မကွေးလေတပ်ကနေ MiG-29အမျိုးစား တိုက်လေယာဉ်နဲ့ ပကဖအဆင့်ရှိ မခင်နှင်းဆီရဲ့ မင်္ဂလာဆောင်ပွဲကိုပေါင် ၅၀၀ဗုံး၂လုံး ကြဲခဲ့ပြီး ကလေးငယ်အပါအဝင် မင်္ဂဆောင်တက်ရောက်သူ ၂၀ကျော်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Zalen ad

“ဒလန်သတင်းပေးမှုလို့ယူဆရတယ်။အလောင်းတွေလည်း အကုန်မကောက်နိုင်သေးဘူး။စကစဘက်က လက်နက်ကြီးနဲ့ ဆက်ပစ်နေတုန်း။အလောင်းတွေစုတ်ပြတ်သတ်သွားတာတွေများတယ်”လို့ မင်းကင်းဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် သတိုးသားနဲ့ သတိုးသမီးလည်း သေဆုံးခဲ့ပြီး ကလေးငယ်အနည်းဆုံး ၃ဦးသေဆုံးကာ ဒဏ်ရာရသူများကို အချိန်မှီဆေးမကုနိုင်ရင်သေဆုံးမှုတွေထပ်ရှိလာနိုင်တယ်လို့ ၎င်းကပြောထားပါတယ်။

HAK

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်