မင်းတပ်ကနေ ကျောက်ထုသို့ စစ်ကောင်စီယာဉ်တန်းများပြန်ဆင်း၊ ပခုက္ကူ-ဆောလမ်းပိုင်းအသုံးမပြုရန်သတိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ စစ်ကောင်စီကား ၆၆ စီးဟာ ယနေ့ဇူလိုင် ၂၁ ရက်တွင် ကျောက်ထုအမြောက်တပ်ထဲသို့ပြန်ဝင်လာတယ်လို့သတင်းရရှိပါတယ်။

၎င်းယာဉ်တန်းတွေဟာ ယမန်နေ့ ဇူလိုင် ၂၀ ရက်တွင် ကျောက်ထုကနေ မင်းတပ်ဘက်သို့တက်သွားပြီး ယနေ့ ပြန်ဆင်းလာခြင်းဖြစ်ပါတယ်။ ယင်းလမ်းတလျှောက်ဖြစ်တဲ့ ရေရှင်ဇရပ်၊ တောင့်ထက်ဇရပ် နဲ့ ကားလမ်းတစ်လျှောက် ကင်းပုန်းတွေကို နောက်ဆုံးကားတွေနဲ့ပြန်လည်တင်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေဟာ ပခုက္ကူနဲ့ ဆောဘက်သို့ထွက်ခွာရန်ခန့်မှန်းရကာ ရှေ့ပြေးလမ်းကြောကင်းများယူထားပြီးအချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ပါသောကြောင့်(၂၁.၇.၂၀၂၂) ရက်နေ့မှစ၍ ကျောက်ထု – ပခုက္ကူ လမ်းပိုင်း / ကျောက်ထု – ဆော လမ်းပိုင်းများ အသုံးပြုခြင်းအား ခတ္တရပ်နားပေးထားကြပါရန်နှင့် သေရေးရှင်ရေးကိစ္စများအတွက်သွားလာရန်လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ်မေးမြန်းပေးကြပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါတယ်လို့ ကျောက်ထု PDF ကထုတ်ပြန်ထားပါတယ်။

Zawgyi

မင္းတပ္ကေန ေက်ာက္ထုသို႔ စစ္ေကာင္စီယာဥ္တန္းမ်ားျပန္ဆင္း၊ ပခုကၠဴ-ေဆာလမ္းပိုင္းအသုံးမျပဳရန္သတိေပး

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ကေန စစ္ေကာင္စီကား ၆၆ စီးဟာ ယေန႔ဇူလိုင္ ၂၁ ရက္တြင္ ေက်ာက္ထုအေျမာက္တပ္ထဲသို႔ျပန္ဝင္လာတယ္လို႔သတင္းရရွိပါတယ္။

294337424_375387721391708_3749686378919364453_n

၎ယာဥ္တန္းေတြဟာ ယမန္ေန႔ ဇူလိုင္ ၂၀ ရက္တြင္ ေက်ာက္ထုကေန မင္းတပ္ဘက္သို႔တက္သြားၿပီး ယေန႔ ျပန္ဆင္းလာျခင္းျဖစ္ပါတယ္။ ယင္းလမ္းတေလွ်ာက္ျဖစ္တဲ့ ေရရွင္ဇရပ္၊ ေတာင့္ထက္ဇရပ္ နဲ႔ ကားလမ္းတစ္ေလွ်ာက္ ကင္းပုန္းေတြကို ေနာက္ဆုံးကားေတြနဲ႔ျပန္လည္တင္ေဆာင္သြားတယ္လို႔ သိရပါတယ္။

စစ္ေကာင္စီယာဥ္တန္းေတြဟာ ပခုကၠဴနဲ႔ ေဆာဘက္သို႔ထြက္ခြာရန္ခန႔္မွန္းရကာ ေရွ႕ေျပးလမ္းေၾကာကင္းမ်ားယူထားၿပီးအခ်ိန္မေ႐ြး တိုက္ပြဲမ်ား ျဖစ္ပြားႏိုင္ပါေသာေၾကာင့္(၂၁.၇.၂၀၂၂) ရက္ေန႔မွစ၍ ေက်ာက္ထု – ပခုကၠဴ လမ္းပိုင္း / ေက်ာက္ထု – ေဆာ လမ္းပိုင္းမ်ား အသုံးျပဳျခင္းအား ခတၱရပ္နားေပးထားၾကပါရန္ႏွင့္ ေသေရးရွင္ေရးကိစၥမ်ားအတြက္သြားလာရန္လိုအပ္ပါက ေက်ာက္ထု PDF ႐ုံးဖုန္းသို႔ ဆက္သြယ္ေမးျမန္းေပးၾကပါရန္ အသိေပး ေမတၱာရပ္ခံအပ္ပါတယ္လို႔ ေက်ာက္ထု PDF ကထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်