မင်းတပ်မြို့တွင် လူနေအိမ် ၂ လုံးမီးလောင်

၂၀၁၉၊ နိုဝင်ဘာလ (၈)
မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်-မတူပီလမ်းမဘေးတွင် ဒီမနက် ၂ နာရီခန့်တွင် လူနေအိမ် ၂ လုံးမီးလောင်သွားတယ်လို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။

ဒေါ်အောင်လိုင်းအိမ်မှ မီးကြွင်းမီးကျန်ကနေ စတင်မီးလောင်တာဖြစ်ပြီး ယင်းအိမ်ဘေးရှိ ဦးဟာမာန်အိမ်သို့ မီးကူးသွားပါတယ်။

အနောက်ရပ်ကွက် စာရေးဦးရောင်နိုင်းက “မီးစလောင်တဲ့အိမ်ရှင်က ဆွမ်းချက်ဖို့ ဘုန်းကြီးကျောင်းမှာသွားအိပ်နေတယ်။ မီးလောင်သွားတယ်ဆိုတာလည်း အိမ်နီးနားတွေကစသိတာ။ သူတို့ကတော့ ဘာပစ္စည်းမှမယူနိုင်ဘူး။ ဦးဟာမာန်အိမ်ကတော့ ပစ္စည်းအချို့ယူသွားနိုင်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရရှိတာတော့မရှိဘူး။ မနက် ၃ နာရီခွဲလောက်မှာ မီးသတ်ကား ၇ စီးနဲ့ မီးငြိမ်းသွားတယ်” လို့ပြောပါတယ်။

မီးလောင်သွားတဲ့ ဒေါ်အောင်လိုင်းအိမ်ဟာ ပျဉ်ခင်း၊ သွပ်မိုးအိမ်တစ်ထပ်ဖြစ်ပြီး ဦးဟာမာန်အိမ်ဟာ သွပ်မိုး နှစ်ထပ်အိမ်ဖြစ်ပါတယ်။

(Zawgyi)

မင္းတပ္ၿမိဳ႕တြင္ လူေနအိမ္ ၂ လံုးမီးေလာင္

၂၀၁၉၊ ႏိုဝင္ဘာလ (၈)
မင္းတပ္ၿမိဳ႕ အေနာက္ရပ္ကြက္ မင္းတပ္-မတူပီလမ္းမေဘးတြင္ ဒီမနက္ ၂ နာရီခန္႔တြင္ လူေနအိမ္ ၂ လံုးမီးေလာင္သြားတယ္လို႔ ေဒသခံေတြဆီကသတင္းရရွိပါတယ္။

ေဒၚေအာင္လိုင္းအိမ္မွ မီးၾကြင္းမီးက်န္ကေန စတင္မီးေလာင္တာျဖစ္ၿပီး ယင္းအိမ္ေဘးရွိ ဦးဟာမာန္အိမ္သို႔ မီးကူးသြားပါတယ္။

အေနာက္ရပ္ကြက္ စာေရးဦးေရာင္ႏိုင္းက “မီးစေလာင္တဲ့အိမ္ရွင္က ဆြမ္းခ်က္ဖို႔ ဘုန္းၾကီးေက်ာင္းမွာသြားအိပ္ေနတယ္။ မီးေလာင္သြားတယ္ဆိုတာလည္း အိမ္နီးနားေတြကစသိတာ။ သူတို႔ကေတာ့ ဘာပစၥည္းမွမယူႏိုင္ဘူး။ ဦးဟာမာန္အိမ္ကေတာ့ ပစၥည္းအခ်ဳိ႕ယူသြားႏိုင္တယ္။ လူေတြ ထိခိုက္ဒဏ္ရာရရွိတာေတာ့မရွိဘူး။ မနက္ ၃ နာရီခြဲေလာက္မွာ မီးသတ္ကား ၇ စီးနဲ႔ မီးၿငိမ္းသြားတယ္” လုိ႔ေျပာပါတယ္။

မီးေလာင္သြားတဲ့ ေဒၚေအာင္လိုင္းအိမ္ဟာ ပ်ဥ္ခင္း၊ သြပ္မိုးအိမ္တစ္ထပ္ျဖစ္ၿပီး ဦးဟာမာန္အိမ္ဟာ သြပ္မိုး ႏွစ္ထပ္အိမ္ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်