မင်းတပ်မြို့နယ်၊ ကျေးရွာ တစ်ရွာကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံး

၅ ၊ ဇွန် ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့၊မနာတာအုပ်စု၊ရမ်ပန်းကျေးရွာကို ဒီနေ့မနက် ၁၂နာရီ မှ ၁၂ နာရီ ခွဲအတွင်း ၄ကြိမ်အထိအကြမ်းဖက်စစ်ကောင်စီ ကဂျက်ဖိုက်တာ ၂စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့်အကြောင်းမဲ့တိုက်ခိုက်ခဲ့တာလို့သိရပြီးထိခိုက်ဆုံးရှုံးမှုတွေ၊ပျက်စီးမှုတွေရှိတယ်လို့သိရပါတယ်။

Zalen ad

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့”အိမ်ပျက်စီးတာ ၅လုံးထက်မကရှိနိင်တယ်။ သေချာ အသေးစိတ်မသိရသေးဘူး၊တစ်အိမ်လုံးပျက်သွားတာတွေရှိတယ်၊ဒဏ်ရာရတဲ့သူက တစ်ဉီး(ဒေါ်နိုင်းလှီး၊)နဲ့ အသက်ဆုံးရှုံးသူတစ်ဉီး(ဉီးလော​ ဖေ)​​ လို့ ကနဉီးသိရတယ်၊တစ်ချို့မိသားစုက ပုန်းခိုကျင်းထဲ အချိန်မီ ဝင်လို့ တော်သေးတယ်ပြောရမယ်၊ညသန်ခေါင်ကြီးဆိုတော့ လူတွေအိပ်တဲ့ချိန်လေ၊”လို့ ပြည်သူ့လုံခြုံးရေးတာဝန်ရှိသူတစ်ဉီးက Zalen ကိုပြောပါတယ်။

မင်းတပ်မြို့နယ်ရှိကျေးရွာတွေကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လာပြီးအရပ်သားပြည်သူတွေကို ပိုပြီးပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။

မိုးပီအောင်

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်