မင်းတပ်မြို့အဝင်မုဒ်ဦးဒီဇိုင်းကို ချင်းအငွေ့အသက်ပါအောင် ပြန်ပြင်ဖို့ ညို့နှိုင်းမယ်

မင်းတပ်မြို့အဝင် မုဒ်ဦးဒီဇိုင်းကို ချင်းရိုးရာအငွေ့အသက်ပါအောင် ပြန်လည်ပြင်ဆင်ဖို့ မင်းတပ်မြို့ အရပ်ဖက်အဖွဲ့အစည်းများက မြို့နယ်တာဝန်ရှိသူများထံ ညို့နှိုင်းသွားမယ်လို့သတင်းရရှိပါတယ်။

Ro Kim ဒီဇိုင်းရေးဆွဲထားတဲ့ မုဒ်ဦးပုံစံများ

မင်းတပ်အရပ်ဖက်အဖွဲ့အစည်းမှ ဆလိုင်းမာန်အွမ်က “မုဒ်ဦးတည်ဆောက်တဲ့ ကန်ထရိုက်တာ ဦးမြကျော်နဲ့တွေ့တဲ့ချိန်မှာ ခင်ဗျားတို့လိုချင်တဲ့အတိုင်းလုပ်ပေးနိုင်တယ်။ ခင်ဗျားတို့လိုချင်တဲ့ပုံစံကို စည်ပင်နဲ့ ထွေအုပ်မှာတင်ပြပြီးတော့ အဆင်ပြေရင်လုပ်ပေးမယ်တဲ့။ ဒါနဲ့ ညီလေး ရိုကိမ်းဆီမှာ ဒီဇိုင်းဆွဲပေးဖို့အကူအညီတောင်းတယ်။ အခုနမူနာ ဒီဇိုင်း ၅ ခုကိုပြည်သူတွေဆီချပြပြီးတော့ မနက်ဖြန်မှာ မျိုးနွယ်စု (၃)စုလူ ခြောက်ယောက်နဲ့အစည်းအဝေးထိုင်ပြီး အတည်ပြုရွေးချယ်မယ်။ ပြီးတော့ ထွေအုပ်ကိုတင်ပြသွားမယ်။ အခုဒီဇိုင်းကလည်း လှပါတယ်။ ကောင်းပါတယ်။ လန်းလည်းလန်းတယ်။ ဒါပေမယ့် ကနုတ်တွေပတော့ မြို့အဝင်မှာ မင်းတပ်ရဲ့အငွေ့အသက်ကိုခံစားစေချင်တယ်။ သူများတွေပြောနေတဲ့ ဘာသာရေးကြောင့်လည်းမဟုတ်ပါဘူး။ မင်းတပ်ရဲ့ ပကတိ၊ ချင်းအငွေ့အသက် နဲ့ စံ၊ ရိုးရာတွေကို ဖြတ်သွားဖြတ်လာတွေတန်းသိနိုင်အောင် ပြချင်တယ်” လို့ပြောပါတယ်။

ယင်းမုဒ်ဦးဟာ ကျောက်ထူမြို့ဘက်မှ မင်းတပ်မြို့အဝင်ဘက်တွင်တည်ဆောက်နေတာဖြစ်ပါတယ်။

(Zawgyi)

မင္းတပ္ၿမိဳ႕အဝင္မုဒ္ဦးဒီဇိုင္းကို ခ်င္းအေငြ႕အသက္ပါေအာင္ ျပန္ျပင္ဖို႔ ညိဳ႕ႏႈိင္းမယ္

မင္းတပ္ၿမိဳ႕အဝင္ မုဒ္ဦးဒီဇိုင္းကို ခ်င္း႐ိုးရာအေငြ႕အသက္ပါေအာင္ ျပန္လည္ျပင္ဆင္ဖို႔ မင္းတပ္ၿမိဳ႕ အရပ္ဖက္အဖြဲ႕အစည္းမ်ားက ၿမိဳ႕နယ္တာဝန္ရွိသူမ်ားထံ ညိဳ႕ႏႈိင္းသြားမယ္လို႔သတင္းရရွိပါတယ္။

မင္းတပ္အရပ္ဖက္အဖြဲ႕အစည္းမွ ဆလိုင္းမာန္အြမ္က “မုဒ္ဦးတည္ေဆာက္တဲ့ ကန္ထ႐ိုက္တာ ဦးျမေက်ာ္နဲ႔ေတြ႕တဲ့ခ်ိန္မွာ ခင္ဗ်ားတို႔လိုခ်င္တဲ့အတိုင္းလုပ္ေပးႏိုင္တယ္။ ခင္ဗ်ားတို႔လိုခ်င္တဲ့ပုံစံကို စည္ပင္နဲ႔ ေထြအုပ္မွာတင္ျပၿပီးေတာ့ အဆင္ေျပရင္လုပ္ေပးမယ္တဲ့။ ဒါနဲ႔ ညီေလး ႐ိုကိမ္းဆီမွာ ဒီဇိုင္းဆြဲေပးဖို႔အကူအညီေတာင္းတယ္။ အခုနမူနာ ဒီဇိုင္း ၅ ခုကိုျပည္သူေတြဆီခ်ျပၿပီးေတာ့ မနက္ျဖန္မွာ မ်ိဳးႏြယ္စု (၃)စုလူ ေျခာက္ေယာက္နဲ႔အစည္းအေဝးထိုင္ၿပီး အတည္ျပဳေ႐ြးခ်ယ္မယ္။ ၿပီးေတာ့ ေထြအုပ္ကိုတင္ျပသြားမယ္။ အခုဒီဇိုင္းကလည္း လွပါတယ္။ ေကာင္းပါတယ္။ လန္းလည္းလန္းတယ္။ ဒါေပမယ့္ ကႏုတ္ေတြပေတာ့ ၿမိဳ႕အဝင္မွာ မင္းတပ္ရဲ႕အေငြ႕အသက္ကိုခံစားေစခ်င္တယ္။ သူမ်ားေတြေျပာေနတဲ့ ဘာသာေရးေၾကာင့္လည္းမဟုတ္ပါဘူး။ မင္းတပ္ရဲ႕ ပကတိ၊ ခ်င္းအေငြ႕အသက္ နဲ႔ စံ၊ ႐ိုးရာေတြကို ျဖတ္သြားျဖတ္လာေတြတန္းသိႏိုင္ေအာင္ ျပခ်င္တယ္” လို႔ေျပာပါတယ္။

ယင္းမုဒ္ဦးဟာ ေက်ာက္ထူၿမိဳ႕ဘက္မွ မင္းတပ္ၿမိဳ႕အဝင္ဘက္တြင္တည္ေဆာက္ေနတာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်