မင်းတပ် အ.ထ.က (၂) ရွှေရတုသဘင်ပွဲတွင် ကျောင်းသားဟောင်းများနဲ့ ဝန်ထမ်းဟောင်းများအားလုံးဖိတ်ခေါ်

၂၀၁၉၊ နိုဝင်ဘာ (၂)
မင်းတပ်မြို့ အ.ထ.က (၂)ကျောင်းရဲ့ နှစ် (၅၀)ပြည့် ရွှေရတုသဘင်ပွဲသို့ တက်ရောက်ကြရန် ကျောင်းသူ၊သားဟောင်းများနဲ့ ဝန်ထမ်းဟောင်းများအားလုံးဖိတ်ခေါ်တယ်လို့ တာဝန်ရှိသူ ဆလိုင်းအောင်လောဟာကဆိုပါတယ်။

ရွှေရတုသဘင်ပွဲကို နောက်လ ဒီဇင်ဘာ (၇)ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပရန်ပြင်ဆင်ထားကြပါတယ်။

ဆလိုင်းအောင်လောဟာက “မင်းတပ် အ.ထ.က (၂)ကျောင်းမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာ၊မအားလုံး၊ ဆရာကြီး၊ ဆရာမကြီးများအားလုံး၊ ကျောင်းသားဟောင်းတွေအားလုံး ဖိတ်ဖို့ ခုချိန်မှာ လက်လှမ်းမမီတော့ဘူး။ ဒါကြောင့် မီဒီယာကနေတစ်ဆင့် သူတို့အားလုံးကိုဖိတ်ခေါ်ချင်တယ်။ တချို့က ဖလမ်း၊ ဟားခါးဘက်မှာလည်းရှိတယ်။ ကလေးမြို့မှာလည်းနေတဲ့သူတွေရှိတယ်။ အားလုံးကို ဒီကနေဖိတ်ခေါ်ချင်တယ်။ ကျနော်တို့ နွေးထွေးစွာကြိုဆိုပါတယ်” လို့ပြောပါတယ်။

ယင်းနေ့တွင် အားကစားပြိုင်ပွဲများ၊ ရှိုးပွဲများကျင်းပမှာဖြစ်ပါတယ်။ ရွှေရတုသဘင်ကျင်းပဖို့ ကျောင်းသားဟောင်းတွေက ကျောင်းလမ်းနဲ့ ကျောင်းဆောင်များ ပြင်ဆင်နေကြပါတယ်။

(Zawgyi)

မင္းတပ္ အ.ထ.က (၂) ေ႐ႊရတုသဘင္ပြဲတြင္ ေက်ာင္းသားေဟာင္းမ်ားနဲ႔ ဝန္ထမ္းေဟာင္းမ်ားအားလုံးဖိတ္ေခၚ

၂၀၁၉၊ ႏိုဝင္ဘာ (၂)
မင္းတပ္ၿမိဳ႕ အ.ထ.က (၂)ေက်ာင္းရဲ႕ ႏွစ္ (၅၀)ျပည့္ ေ႐ႊရတုသဘင္ပြဲသို႔ တက္ေရာက္ၾကရန္ ေက်ာင္းသူ၊သားေဟာင္းမ်ားနဲ႔ ဝန္ထမ္းေဟာင္းမ်ားအားလုံးဖိတ္ေခၚတယ္လို႔ တာဝန္ရွိသူ ဆလိုင္းေအာင္ေလာဟာကဆိုပါတယ္။

ေ႐ႊရတုသဘင္ပြဲကို ေနာက္လ ဒီဇင္ဘာ (၇)ရက္တြင္ စည္ကားသိုက္ၿမိဳက္စြာက်င္းပရန္ျပင္ဆင္ထားၾကပါတယ္။

ဆလိုင္းေအာင္ေလာဟာက “မင္းတပ္ အ.ထ.က (၂)ေက်ာင္းမွာ လုပ္ကိုင္ခဲ့ဖူးတဲ့ ဆရာ၊မအားလုံး၊ ဆရာႀကီး၊ ဆရာမႀကီးမ်ားအားလုံး၊ ေက်ာင္းသားေဟာင္းေတြအားလုံး ဖိတ္ဖို႔ ခုခ်ိန္မွာ လက္လွမ္းမမီေတာ့ဘူး။ ဒါေၾကာင့္ မီဒီယာကေနတစ္ဆင့္ သူတို႔အားလုံးကိုဖိတ္ေခၚခ်င္တယ္။ တခ်ိဳ႕က ဖလမ္း၊ ဟားခါးဘက္မွာလည္းရွိတယ္။ ကေလးၿမိဳ႕မွာလည္းေနတဲ့သူေတြရွိတယ္။ အားလုံးကို ဒီကေနဖိတ္ေခၚခ်င္တယ္။ က်ေနာ္တို႔ ေႏြးေထြးစြာႀကိဳဆိုပါတယ္” လို႔ေျပာပါတယ္။

ေရႊရတုအမွတ္တရ ျပကၡဒိန္အတြက္ ဓာတ္ပံုရိုက္ေနၾကစဥ္

ယင္းေန႔တြင္ အားကစားၿပိဳင္ပြဲမ်ား၊ ရႈိးပြဲမ်ားက်င္းပမွာျဖစ္ပါတယ္။ ေ႐ႊရတုသဘင္က်င္းပဖို႔ ေက်ာင္းသားေဟာင္းေတြက ေက်ာင္းလမ္းနဲ႔ ေက်ာင္းေဆာင္မ်ား ျပင္ဆင္ေနၾကပါတယ္။

နောက်ဆုံးရသတင်းများ

မလေးရှားမှာ ချင်းကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရ၊ လူသတ်သမားထွက်ပြေး

၁၅၊ ဧပြီလ၊ ၂၀၂၄ Zalen မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လည်ပင်းညစ် အသတ်ခံရတယ်လို့ ရပ်ကွက်နေ ချင်းလူမျိုးတွေဆီက သိရပါတယ်။ ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်မှာ မနေ့ ...

ဆက်ဖတ်ရန်