မဆာတွီကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် (၄) ကြိမ် ဗုံးကြဲတိုက်ခိုက်

 ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အိမ်ခြေ (၁၀၀) ခန့်ရှိ မဆာတွီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီကျော်က လေယာဉ်ဖြင့် (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်ပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်သောကြောင့် လူနေအိမ်များပျက်စီးပြီး ဒေသခံပြည်သူ(၁၀၀၀)ခန့် သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ အရေးပေါ် ဆက်သွယ်ရန် ဖုန်းဘီလ်နှင့် စားနပ်ရိပ်က္ခာများ လိုအပ်နေသည်ဟု သိရှိရသည်။

၎င်းကျေးရွာအနီးတွင် ဒီနေ့ မနက် ( ၇း၁၅) မိနစ် မှစ၍ မိနစ် (၂၀)ခန့်ကြာ CDF ကန်ပက်လက်နဲ့ စစ်ကောင်စီတို့ ထိတွေ့ပစ်ခတ်မူ ဖြစ်ပွားပြီး ထိခိုက်သေဆုံးမူအား မသိရှိရသေးသည်။ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ၁၀ လုံးလောက်ပစ်ခတ်သည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်