မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်များကို ဒုတိယအကြိမ် စာရင်းကောက်ခံ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ခိုလှုံတဲ့ မြန်မာစစ်ဘေးရှောင်များစာရင်းကို မိုးရေးမြို့အပါအဝင် ကျေးရွာများတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ် စာရင်းကောက်ခံနေတယ်လို့သတင်းရရှိပါတယ်။

မဏိပူရ် မြန်မာစစ်ဘေးရှောင်တစ်ဦးက “သူတို့က ကြိုတင်အကြောင်းကြားတာလဲမရှိဘူး။ သူတို့ရောက်လာတော့လည်း သေချာရှင်းပြတာမရှိ။ နာမည်ရေးခိုင်းတယ်။ လက် ဆယ်ချောင်းစလုံးလက်ပွေနှိပ်ခိုင်းတယ်။ ပြီးရင် မိသားစုအားလုံးဘယ်နှယောက်ရှိကြောင်း နဲ့ ဘိုးဘေးဘေဘင်ထိဖြေရတယ်။ မြန်မာပြည်မှာ မှတ်ပုံတင်လုပ်တဲ့ပုံစံမျိုးပါပဲ”လို့ပြောပြပါတယ်။

“မဏိပူရ်မှာ လူမျိုးရေးပဋိပက္ခကြားဒီလိုစာရင်းကောက်တာစိတ်ရှုပ်ထွေးမိတယ်။ ဒေသအ‌ခြေစိုက် လူမူအဖွဲ့စည်းမျာလည်းပါဝင်ခြင်းမရှိဘဲ ရဲအဖွဲ့တစ်ခုနဲ့သာကောက်ခံနေတာကိုတွေရပါတယ်” လို့အမည်မဖော်လိုသူစစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

အခုလို စစ်ဘေးရှောင်များကိုစာရင်းကောက်ခြင်းဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်စာရင်းကောက်စဉ်တွင်အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် ယခုအခါတွင်အရပ်ဘက်အဖွဲ့အစည်းများပါဝင်းခြင်းမရှိဘဲ မိုးရေးရဲတပ်ဖွဲဝင်များသာလိုက်လံကောက်ခံနေတာတွေ့ရတယ်။  

ဒီကိစ္စနဲ့ပတ်သတ်ပြီး တမူးမြို့နယ်၊ အမျိုးသားလွတ်တော်ကိုစားလှယ် ဦးထန်ဆေးကိုမေးမြန်းကြည့်ရာ “မိမိတို့အနေဖြင့်အားပေးတယ်၊ မအားပေးဘူးဆိုတာ မဏိပူရ်အာဏာပိုင်အပေါ်မှာပဲမူတည်တယ်။ ဘာလို့လဲဆိုတော့ စာရင်းကောက်တာ နှစ်ကြိမ်ရှိပြီ အခုထိဘာကဒ်မှထုတ်ပေးနိုင်ခြင်းမရှိသေးပါဘူး။ သူတို့အကောင်းဆုံးဆောင်ရွက်ပေးနိုင်ရင်တော့လက်ခံကြိုဆိုပါတယ်။ အဲဒါကြောင့်သူတို့လုပ်ရပ်အပေါ်မှာပဲမူတည်ပါတယ်” လို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာလည်း ဇူလိုင်လက မြန်မာစစ်ဘေးရှောင်များ ကိုယ်ရေးအချက်အလက်၊ လက်ပွေ၊ မျက်စိများကို စကင်ဖတ်ပြီး စာရင်းကောက်ဖို့ ဗဟိုအစိုးရဘက်က စီစဉ်ပေမယ့် ကိုယ်ရေးအချက်အလက်သာ ကောက်ခံတာ တွေ့ရှိပါတယ်။ ၎င်းတို့ လိုချင်တဲ့ ကိုယ်ရေးအချက်အလက်တွေဟာ အသေးစိတ်ကျလွန်းတာကြောင့် မြန်မာစစ်ဘေးရှောင်အတွက မလုံခြုံမှု၊ စိတ်အနှောက်အယှက်ဖြစ်မှု ပေးခဲ့ပါတယ်။ နယူးဒေလီဘက်ရောက်တဲ့ မြန်မာစစ်ဘေးရှောင်ကိုတော့ အခုလို စာရင်းကောက်ခံခြင်းမရှိဘူးလို့သိရတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်