မဏီပူရ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ စစ်ဘေးရှောင်ကဒ်ထုတ်ပေးတော့မည်

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်အတွင်း ခိုလှုံခဲ့ကြတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူများကို မကြာခင် စစ်ဘေးရှောင်ကဒ်ထုတ်ပေးတော့မယ်ဟု ဒေသတွင်းသတင်းများတွင်ဖော်ပြချက်အရသိရသည်။

မကြာသေးခင်က မိုးရေးမြို့တွင်အဖမ်းခံရသည့် မြန်မာစစ်ဘေးရှောင် ၈၄ ဦးနှင့်မိသားစုအရေးနှင့်ပတ်သတ်ပြီး ဒေသလွှတ်တော်ကိုယ်စားလှယ် ဦးလက်ပေါင် Pu Let Pao Haokip နှင့် မဏီပူရ်ပြည်နယ် ဝန်ကြီးချုပ်တို့တွေ့ဆုံ‌ဆွေးနွေးချက်အရ ယခုချိန်မှစပြီ ‌စိတ်အေးချမ်းစွာ နေထိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီကြောင့်ထွက်ပြေးသိမ်းရှောင်လာသည့်မြန်မာစစ်ဘေးရှောင်များ များပြားလာသည့်အတွက် မိုးရေးမြို့နယ်တဝိုက်တွင်စစ်ဘေးရှောင်များဟာပြဿနာတစ်ခုလို ဖြစ်လာပြီး မကြာသေးခင်က မြန်မာစစ်ဘေးရှောင် ၈၄ ယောက်ကိုဖမ်းစီးခံရပြီး Sajiwa အချူပ်ထောင်တွင် ထိမ်းသိမ်းခံနေရသည်။

မဏီပူရ်အစိုးရမှ ၎င်းအဖမ်းခံရသည့်မြန်မာစစ်ဘေးရှောင်များကို ဆက်လက်အရေးယူနိုင်ရန်စီစဉ်နေမူအပေါ် Tingnoupal ခရိုင်လွှတ်တော်ကိုယ်စားလှယ်၊ TD Minister နှင့် ဦးလက်ပေါင် ဟောင်ကစ် မှ ဝန်ကြီးချုပ် နှင့်တွေ့ဆုံပြီး ဆက်လက်အရေးယူဆောင်ရွက်မူမရှိဆေရေးဆွေးနွေးခဲ့သည်။

Zalen ad

မြန်မာစစ်ဘေးရှောင်များကို ယခုမှစပြီး မီဇိုရမ်ပြည်နယ်အစိုးရကဲ့သို့ မဏီပူရ်ပြည်နယ်အစိုးရမှ Refugee Identity Card ထုတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးရသည်ထိလက်ခံထားမည်ဖြစ်ကြောင်းဒေသ သတင်းအရင်းအမြစ်တစ်ခု့တွင်ဖော်ပြရေးသားထားပါသည်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်