မဏီပူရ်ပြည်နယ် လူမျိုးရေးပဋိပက္ခတွင် လူ ၁၀၀ နီးပါးသေဆုံးပြီး အဆောက်အဦး ၃၅၀၀ ကျော်မီးလောင်ပျက်စီး

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင် မေလ ၃ ရက်ကစတင်ဖြစ်ပွားတဲ့ လူမျိုးရေးပဋိပက္ခ ကြောင့် ကသည်းလူမျိုး ၂၅ ဦး၊ ကူကီးလူမျိုး ၆၃ ဦးနဲ့ အမည်မသိ ၈ ဦး စုစုပေါင်း ၉၆ ဦးသေဆုံးတယ်လို့တယ်လို့ ဒေသတွင်းမီဒီယာများမှာဖော်ပြထားပါတယ်။

ဒါ့ပြင် ကသည်းလူမျိုး ၁၄ ဦးလည်း ခုချိန်ထိပျောက်ဆုံးနေတယ်လို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ လူနေအိမ်ကတော့ ကသည်းလူမျိုးများပိုင်အိမ် ၁,၉၈၈ လုံးနဲ့ ကူကီးလူမျိုးပိုင်အိမ် ၁,၄၂၅ လုံး မီးလောင်သွားပါတယ်။ ကသည်းလူမျိုးများကြီးစိုးသော ရွာပေါင်း ၁၅၈ ရွာ၊ ကူကီးလူမျိုးကြီးစိုးသော ၈၃ ရွာနဲ့ လူမျိုးရောနှောနေထိုင်သော ရွာပေါင်း ၃၃ ရွာမှနေအိမ်များမီးလောင်ခြင်းဖြစ်ပါတယ်။

ဟိန္ဒူဘာသာရေးအဆောက်အဦး ၁၇ လုံးဖျက်ဆီးခံရပြီး ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂၂၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခံရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်