မတူပီက နှစ်ညပျောက်ဆုံးသွားတဲ့ ပထမတန်းကျောင်းသူလေး ဒီနေ့ပြန်တွေ့ ပြီ

မတူပီမြို့က တင်္နတနွေနေ့ ညနေဘုရားကျောင်းဆင်းတဲ့ချိန်တွင် အိမ်ပြန်မလာပဲပျောက်ဆုံးနေတဲ့ မနော်မီ (၇ နှစ်)ကို ဒီနေ့ ၁၂ နာရီခန့်မှာ ပြန်လည်တွေ့ရှိကြပါတယ်။

မနော်မီရှာဖွေရေးတွင်ပါဝင်သူ ကိုထန်းကေ က “မနေ့က တောထဲမှာတွေ့လို့ ဒီနေ့ တောထဲလိုက်ရှာတယ်။ ပြန်တွေ့တာတော့ သူတို့အိမ်အောက်က အိမ်တစ်အိမ်မှာ ကြောက်ပြီးတော့ ပုန်းနေတာ။ ပစ္စည်းရှာရင်းနဲ့ ချောင်ထဲသွားတွေ့တာ။ ဘာလို့ကြောက်တာလဲဆိုတာ မေးလို့မရသေးဘူး။ ဆရာဝန်ဆီမှာအပ်ထားတယ်။ ဆရာဝန်က သူ့ကျန်းမာရေးအကုန်လုံးစစ်ဆေးမယ်” လို့ပြောပါတယ်။

မနော်မီဟာ ပထမတန်းကျောင်းသူလေးဖြစ်ပြီး သူစတင်ပျောက်ဆုံးတဲ့ (၁၆)ရက်နဲ့ မနေ့ည ဘယ်မှာအိပ်ခဲ့တာလဲဆိုတာ မေးလို့မရသေးပါ။

မတူပီမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ချင်းလူငယ်များအဖွဲ့ ၊ မီးတပ်ဌာန မတူပီလေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့ပေါ်နေပြည်သူလူထုများ ပူပေါင်း၍ရှာဖွေကြပါတယ်။

(Zawgyi)

မတူပီက ႏွစ္ညေပ်ာက္ဆုံးသြားတဲ့ ပထမတန္းေက်ာင္းသူေလး ဒီေန႔ျပန္ေတြ႕ ၿပီ

မတူပီၿမိဳ႕က တနၤတေႏြေန႔ ညေနဘုရားေက်ာင္းဆင္းတဲ့ခ်ိန္တြင္ အိမ္ျပန္မလာပဲေပ်ာက္ဆုံးေနတဲ့ မေနာ္မီ (၇ ႏွစ္)ကို ဒီေန႔ ၁၂ နာရီခန႔္မွာ ျပန္လည္ေတြ႕ရွိၾကပါတယ္။

မေနာ္မီရွာေဖြေရးတြင္ပါဝင္သူ ကိုထန္းေက က “မေန႔က ေတာထဲမွာေတြ႕လို႔ ဒီေန႔ ေတာထဲလိုက္ရွာတယ္။ ျပန္ေတြ႕တာေတာ့ သူတို႔အိမ္ေအာက္က အိမ္တစ္အိမ္မွာ ေၾကာက္ၿပီးေတာ့ ပုန္းေနတာ။ ပစၥည္းရွာရင္းနဲ႔ ေခ်ာင္ထဲသြားေတြ႕တာ။ ဘာလို႔ေၾကာက္တာလဲဆိုတာ ေမးလို႔မရေသးဘူး။ ဆရာဝန္ဆီမွာအပ္ထားတယ္။ ဆရာဝန္က သူ႔က်န္းမာေရးအကုန္လုံးစစ္ေဆးမယ္” လို႔ေျပာပါတယ္။

မေနာ္မီဟာ ပထမတန္းေက်ာင္းသူေလးျဖစ္ၿပီး သူစတင္ေပ်ာက္ဆုံးတဲ့ (၁၆)ရက္နဲ႔ မေန႔ည ဘယ္မွာအိပ္ခဲ့တာလဲဆိုတာ ေမးလို႔မရေသးပါ။

မတူပီၿမိဳ႕ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ၊ ခ်င္းလူငယ္မ်ားအဖြဲ႕ ၊ မီးတပ္ဌာန မတူပီေလးရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ ၊ ၿမိဳ႕ေပၚေနျပည္သူလူထုမ်ား ပူေပါင္း၍ရွာေဖြၾကပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်