မတူပီမြို့တွင် ကြိုးလိုင်းဖုန်းများကို စီးပွားဖြစ် အသုံးမပြုရန် စစ်ကောင်စီတားမြစ်

ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရတာ ၂ လ ခန့်ရှိပြီဖြစ်တဲ့ မတူပီမြို့နယ်တွင် ယခုနောက်ပိုင်း ကြိုးလိုင်းဖုန်းများကို ပြန်လည် တပ်ဆင်အသုံးပြုနေကြပါတယ်။

တစ်ချို့ကတော့ တစ်နည်းတစ်လမ်းဖြစ် ဝင်ငွေ ရရှိရန် တစ်မီနစ်ကို ၁၀၀ ကျပ်နှုန်းဖြင့် အများအသုံးနိုင်ရန် လုပ်ကြသော်လည်း မကြာသေးခင်က ရက်ပိုင်းအတွင် စစ်ကောင်စီက ကြိုးဖုန်းလိုင်များကို မိသားစုအတွက်သာ အသုံးပြုရန် လိုက်လံသတိပေးထားကြောင်းနှင့် သတိပေးချက်ကို လိုက်နာခြင်း မရှိပါက ကြိုးဖုန်းကို သိမ်းမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

မတူပီမြို့၊ ၈ လမ်စုံက ကြိုးဖုန်းတစ်ခုကို စစ်ကောင်စီကပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အသိမ်းခံလိုက်ရကြောင်း မြို့ခံများထံမှ သိရပါတယ်။

“သူတို့က ဒီလို ပိုက်ဆံပေးပြီး အများပြည်သူကို ကြိုးလိုင်းဖုန်း အသုံးပြုခွင့်ပိတ်ပင်ထားတယ်ဆိုတာကလည်း ဒီစားကွက်ကိုလည်း သူတို့လိုချင်လို့လေ။ ရပ်ကွက်တစ်ခုမှာ စစ်တပ်က ကြိုးလိုင်းဖုန်း တစ်ခုထားပြီး ပြည်သူတွေက သူတို့ဆင်ပေးတဲ့ အဲ့ကြိုးဖုန်းကိုပဲ သုံးပေါ့။ ရလာတဲ့ ဝင်ငွေကို သူတို့ စားပေါ့။ အဲ့သဘောပါပဲ” ဟု မြို့ခံတစ်ဦးက ပြောပါတယ်။

Zalen ad

မကြာခင်မှာ မတူပီမြို့တွင် စစ်တပ်က ရပ်ကွက်တစ်ခုတွင် ကြိုးလိုင်းဖုန်းတစ်ခု ထားရှိပြီး ပြည်သူများ အခကြေးငွေပေးပြီး အသုံးနိုင်ရန် လုပ်မည်ဟု သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်