မတူပီမြို့တွင် ထွေအုပ်ကပြုလုပ်မည့် ခရစ္စမတ်ပွဲအတွက် တရားဟောဆရာများကို လိုက်လံဖိတ်ကြား

ချင်းပြည်နယ်၊ မတူပီမြို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထွေအုပ်ရုံးက မြို့ပေါ်ရှိ တရားဟောဆရာတစ်ချို့ကို ခေါ်ပြီး အစည်းအဝေးလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုအစည်းအဝေးတွင် ထွေအုပ်ကေ ဦးစီးဦးဆောင်မည့် ခရစ္စမတ်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသောကြောင့် မတူပီမြို့ပေါ်ရှိ တရားဟောဆရာများနှင့် ဘာသာရေးခေါင်ဆောင်းများအားလုံး တက်ရောက်ပေးစေလိုသောကြောင့် တက်ရောက်ပေးနိုင်ခြင်း မရှိ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

မနေ့က အစည်းအဝေးအပြီး ထိုအစည်းအဝေးကို တက်ရောက်ခဲ့သော တရားဟောဆရာများက အခြားတရာဟောဆရာများကို ထွေအုပ်ရုံးတွင် ဆွေးနွေးထားသည့်အတိုင်း ထပ်ဆင့်ဖိတ်ကြားခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ မတူပီမြို့ပေါ်က တရားဟောဆရာတစ်ဦးကတော့ စစ်ကောင်စီလက်အောက်ရှိ ထွေအုပ်ရုံးက ပြုလုပ်မည့် ခရစ္စမတ်ပွဲကို တက်နိုင်ခြေနည်းကြောင်း ဆိုပါတယ်။

ခုလို ထွေအုပ်ရုံးက ခရစ္စမတ်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းဟာ အရင်နှစ်တွေက လုပ်လေ့မရှိသော်လည်း မတူပီမြို့အတွင်း အေးချမ်းနေပြီဖြစ်ကြောင်း ဝါဒဖြန့်လိုသောကြောင့် ခရစ္စမတ်ပွဲကျင်ပရန် စီစဉ်နေခြင်းဖြစ်သောကြောင့် မှန်ကန်သော စိတ်ထားမရှိသော ဒီပွဲကို တက်ရောက်ပါကလည်း အကုသိုလ်သာ ပိုများလိမ့်မည်ဟုလည်း တရာဟောဆရာတစ်ဦးက မှတ်ချက်ချပါတယ်။

မနေ့ကအစည်းအဝေးတွင် တရားဟောဆရာများက သူတို့နဲ့ အခြားသော တရားဟောဆရာများဟာ ထိုပွဲကို တက်ရောက်နိုင်မည် မတက်ရောက်နိုင်မည် အဖြေမပေးနိုင်သေးကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်