မတူပီမြို့နယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းပြီး ဒဏ်ရာပြင်းထန်စွာ ရရှိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာက ဦးဘွေကုန် (အသက် ၇၃) နှစ်ခန့်ဟာ စစ်ကောင်စီတပ်သားများ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိသောကြောင့် ညာဘက်ခြေထောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိကြောင်း သတင်းရရှိပါတယ်။

ဦးဘွေကုန်ဟာ ဒီကနေ့ ဧပြီ ၁၃ ရက်မနက်မှာပဲ ဝဥခြံကို အသွား လမ်းမှာမိုင်းနင်း မိခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က ထယ်ဘွေးစခန်းကို ရိက္ခာသွားပို့ခဲ့သော စစ်ကောင်စီတပ်သားများဟာ အများပြည်သူသုံးလမ်းပေါ်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် အခုလို ပြည်သူများ မိုင်းအန္တရာယ်အကြား စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာဖြစ်ပါတယ်။

မတူပီမြို့နယ်တွင် မိုင်းရှာကိရိယာကောင်းကောင်းမရှိသောကြောင့် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်းကြောင့် ထိခိုက်မှု ဆက်လက်ရှိလာနိုင်ကြောင်း မတူပီမြို့နယ် ဒေသ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ထို့ကြောင့် လိုအပ်နေသော မိုင်းရှင်းစက်ဝယ်ယူရန် အကူအညီ လိုအပ်သောကြောင့် မိဘပြည်သူများကလည်း တစ်ဘက်တစ်လမ်းက ကူညီပေးရန်လည်း တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်