မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေရိက္ခာထဲမှာအဆိပ်ခတ်ဟုဆို

အာဏာသိမ်းစစ်ကောင်စီတပ်တွေက ချင်းပြည်နယ်၊ မတူပီမြို့နယ်က မတူပီ-ပလက်ဝကားလမ်းဘေးရှိ ကျေးရွာများကပြည်သူတွေသိုလှောင်ထားတဲ့ ဆန် နဲ့ အခြားခရိက္ခာထဲမှာ အဆိပ်ခတ်ကြတယ်လို့ ဒေသခံပြည်သူတွေထံမှသတင်းရရှိပါတယ်။

အောက်တိုဘာလလောက်ကစပြီး မတူပီ-ပလက်ဝကြားမှာ စစ်ကောင်စီတပ်နဲ့ CDF-Matupi တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ရှိရွာသားတွေက ရိက္ခာတွေကို တောင်ယာစပါးကျီးထဲမှာသိုလှောင်ကာ ဘေးလွတ်ရာသို့ထွက်ပြေးကြပါတယ်။ အဲ့ဒါကို စစ်ကောင်စီတပ်တွေက တွေ့ပြီး အဆိပ်ခတ်သွားခြင်းဖြစ်ပါတယ်။

ယင်းဆန်နဲ့ အခြားရိက္ခာကိုစားသုံးတဲ့ ခွေး၊ ကြွက်တွေ စပါးကျီးအနားမှာ အများအပြားသေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတွေထံမှသိရတယ်။

CDF-Matupi ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လမ်းဘေးက တောင်ယာ စပါးကျီးတိုင်းမှာ အဲ့လိုအဆိပ်ခတ်တာ။ ပြည်သူတွေလည်း တော်တော်စိတ်ညစ်နေကြတယ်။ ဒီလို လူမဆန်တဲ့လုပ်ရပ်ကို ကမ္ဘာကသိစေချင်တယ်” လို့ပြောပါတယ်။

အခုလို စစ်ကောင်စီတွေ အဆိပ်ခတ်ထားတဲ့နေရာကတော့ မတူပီမြို့ကနေ မိုင် ၄၀ လောက်အကွာ မတူပီကနေ ပလက်ဝဘက်သွားရာလမ်း ကံတောင်၊ မောင်စိန် ကျေးရွာအနီးတဝိုက်က ကျေးရွာတွေမှာဖြစ်ပါတယ်။

ဟားခါးမြို့နယ်မှအပ ချင်းပြည်နယ်တွင် စက်တင်ဘာလ ၂၄ ရက်ကစပြီး အင်တာနက်လိုင်းပိတ်ထားတာကြောင့် သတင်းစီးဆင်းမှုနှေးကွေးနေပါတယ်။

Zawgyi

မတူပီၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြက ျပည္သူေတြရိကၡာထဲမွာအဆိပ္ခတ္ဟုဆို

အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္က မတူပီ-ပလက္ဝကားလမ္းေဘးရွိ ေက်းရြာမ်ားကျပည္သူေတြသိုေလွာင္ထားတဲ့ ဆန္ နဲ႔ အျခားခရိကၡာထဲမွာ အဆိပ္ခတ္ၾကတယ္လို႔ ေဒသခံျပည္သူေတြထံမွသတင္းရရွိပါတယ္။

ေအာက္တုိဘာလေလာက္ကစၿပီး မတူပီ-ပလက္ဝၾကားမွာ စစ္ေကာင္စီတပ္နဲ႔ CDF-Matupi တို႔တိုက္ပြဲျဖစ္ပြားၿပီးေနာက္ အနီးပတ္ဝန္းက်င္ရွိရြာသားေတြက ရိကၡာေတြကို ေတာင္ယာစပါးက်ီးထဲမွာသိုေလွာင္ကာ ေဘးလြတ္ရာသို႔ထြက္ေျပးၾကပါတယ္။ အဲ့ဒါကို စစ္ေကာင္စီတပ္ေတြက ေတြ႕ၿပီး အဆိပ္ခတ္သြားျခင္းျဖစ္ပါတယ္။

ယင္းဆန္နဲ႔ အျခားရိကၡာကိုစားသုံးတဲ့ ေခြး၊ ႂကြက္ေတြ စပါးက်ီးအနားမွာ အမ်ားအျပားေသဆုံးေနတာေတြ႕ရတယ္လို႔ ေဒသခံေတြထံမွသိရတယ္။

CDF-Matupi ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “လမ္းေဘးက ေတာင္ယာ စပါးက်ီးတိုင္းမွာ အဲ့လိုအဆိပ္ခတ္တာ။ ျပည္သူေတြလည္း ေတာ္ေတာ္စိတ္ညစ္ေနၾကတယ္။ ဒီလို လူမဆန္တဲ့လုပ္ရပ္ကို ကမၻာကသိေစခ်င္တယ္” လို႔ေျပာပါတယ္။

အခုလို စစ္ေကာင္စီေတြ အဆိပ္ခတ္ထားတဲ့ေနရာကေတာ့ မတူပီၿမိဳ႕ကေန မိုင္ ၄၀ ေလာက္အကြာ မတူပီကေန ပလက္ဝဘက္သြားရာလမ္း ကံေတာင္၊ ေမာင္စိန္ ေက်းရြာအနီးတဝိုက္က ေက်းရြာေတြမွာျဖစ္ပါတယ္။

ဟားခါးၿမိဳ႕နယ္မွအပ ခ်င္းျပည္နယ္တြင္ စက္တင္ဘာလ ၂၄ ရက္ကစၿပီး အင္တာနက္လိုင္းပိတ္ထားတာေၾကာင့္ သတင္းစီးဆင္းမႈေႏွးေကြးေနပါတယ္။

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်