မတူပီမြို့မှာ စစ်တပ်က ညမထွက်ရအမိန့်ထုတ်

မတူပီမြို့မှာ စစ်တပ်က ညမထွက်ရအမိန့်ထုတ်

ချင်းပြည်နယ် မတူပီမြို့ပေါ်မှာ ဒီနေ့ညကစပြီ စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကဖော်ပြထားပါတယ်။

မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ငလိုင်ရွာ၊ ဖနိုင်ရွာနဲ့ မတူပီမြို့ပေါ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား ဖေဖော်ဝါရီလ(၆)ရက်တွင် အစည်းအဝေးခေါ်ယူကာ စစ်ဗျူဟာ(၂)မှ ဗျူဟာမှူးက ညနေ(၅)နာရီကနေ မနက်(၇)နာရီထိ ညအပြင်မထွက်ရန်ပြောကြားခိုင်းတယ်လို့ဆိုပါတယ်။

မတူပီမြို့ မင်းတပ်လမ်းခွဲ စံဘောင်လမ်းစုံမှာ ယနေ့ညနေပိုင်းကစပြီး စစ်သားအချို့ကင်းစောင့်ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်ကလည်း ပြည်မဘက်ကနေ စစ်ကား အစီးရေ(၅၀)ကျော် မတူပီမြို့သို့ရောက်လာကြပြီး နောက်နေ့တွင်လည်း စစ်ရဟတ်ယဉ်(၄)စီးကနေ့စဉ် မတူပီမြို့သို့လာရောက်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်