မတူဖိုရမ်ကျင်းပစဉ် ချင်းပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ရပ်ခိုင်း

ဒုတိယအကြိမ် မတူဖိုရမ်ကျင်းပစဉ် ဒုတိယနေ့၌ ချင်းပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ရပ်ခိုင်းလိုက်တယ်လို့ မတူဖိုရမ်ကျင်းပရေးကော်မတီအတွင်းရေးမှူး ဒေါက်တာဗန်နွေဒိန်းထံကသတင်းရရှိပါတယ်။

မတူဖိုရမ်ကို အောက်တိုဘာလ (၂၃)ရက်နေ (၂၅)ရက်နေ့ထိ ကျင်းပဖို့စီစဉ်ထားပြီး မတူပီမြို့နယ်အုပ်ချုပ်ရေးရုံးက အောက်တိုဘာ(၂၄)ရက် ညနေပိုင်းတွက် ဆက်လက်မကျင်းပဖို့ ပြည်နယ်အစိုးရထံမှအကြောင်းကြားလာတယ်လို့ မတူဖိုရမ်ကျင်းပရေးကော်မတီအဖွဲ့ထံပြောကြားပါတယ်။

မတူပီမြို့နယ်အုပ်ချုပ်ရေးရုံးမှာ မတူဖိုရမ်ကျင်းပရေးကော်မတီအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးတို့ အောက်တိုဘာ(၂၄)ညနေမှာတွေ့ဆုံကြစဉ်

မတူဖိုရမ်ဟာ ချင်းပါတီရဲ့ နိုင်ငံရေးလုပ်ဆောင်မှုဆိုပြီး  မတူပီမြို့နယ် NLD အလုပ်အမှုဆောင် ဦးဗိုလ်ဖွဲ့၊ ဦးမောင်းဟန်နဲ့ ဦးရမ်လှတို့က  အောက်တိုဘာ(၂၀)ရက်မျာ မြို့နယ်အုပ်ချုပ်ရေးရုံးထံ တိုင်ကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မတူဖိုရမ်ကျင်းပရေးကော်မတီအတွင်းရေးမှူး ဒေါက်တာဗန်နွေဒိန်းထံက “မတူဖိုရမ်ကို ဧပြီလမှာ ကျင်းပဖို့ခွင့်ပြုမိန့်တောင်းထားတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးဆီကနေ ခွင့်ပြုမိန့်မရသေးတဲ့တွက်ကြောင့် ဘတ်ဂျက်အခြေအနေအရ အောက်တိုဘာကို ရွေ့လိုက်တယ်။ အဲ့တွက် ပြည်နယ်က ခွင့်ပြုမိန့်ကို အောက်တိုဘာ (၅)ရက်နေ့ကျလာပြီးတော့ ကျမတို့ဆီမှာ (၁၀)ရက်နေ့မှာသိရတယ်။ အစတုန်းက မတူပီမြို့ရဲ့ ဘုံတလာခန်းမမှာကျင်းပဖို့ရည်ရွယ်ပေမယ့် ရွေးကောက်ပွဲကျင်းပခါနီးဆိုတော့ ပြင်ဆင်စရာရှိလို့ဆိုပြီး ငြင်းတယ်။ ခိုဘွေခန်းမမှာကျင်းပဖို့လုပ်ပြီး အဆင်မပြေတဲ့တွက် လောင်ဘန်ခန်းမကိုပြောင်းတယ်။ ခန်းမနေရာပြောင်းလိုက်တဲ့တွက် အစကနေ စာတင်ရေးလိုက်ပါပြောတော့ ရေးတယ်။ ခရိုင်အုပ်ချုပ်ရုံးက ဆက်မလုပ်ဖို့ ၂၂ ရက်ကတားသေးတယ်။ ရွေးကောက်ပွဲပြီးမှ လုပ်ပါတဲ့။  ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးရုံးက ဒီည(အောက်တိုဘာ ၂၄) ၄နာရီတိတိမှာ ကျမတို့အဖွဲ့ကို ရုံးကိုခေါ်ပြီးတော့ ပြည်နယ်အစိုးရက မတူဖိုရမ်မနက်ဖြန်ဆက်မလုပ် ဖို့ဖုန်းနဲ့ပြောတယ်လို့ပြောတယ်။ တရားဝင်စာ ထုတ်ပြဖို့မေးတော့ မရှိဘူးတဲ့။ ကျမတို့ကတော့ မနက်ဖြန်လည်း ဆက်ကျင်းပနေအုံးမှာပဲ။ ဒါက ကျား၊မ တန်းတူရေးကိစ္စ၊ မတူ ထုံးတမ်းဓလေ့၊ တွပဲသေဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မျိုးနွယ်စုတွေ့ဆုံပွဲ ဆွေးနွေးတာလေ”လို့ ပြောပါတယ်။

မတူဖိုရမ်မှာ အနယ်နယ်အရပ်ရပ်က မတူပီမြို့နယ်သူ၊သား (၁၅၀)တက်ရောက်လာကြပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်