မရာအရေးကို CNF/CJDC ခေါင်းဆောင် များမှ ဘယ်လိုကိုင်တွယ်ခဲ့ကြသလဲ?

R.Lakher ရေးသည်။

စာရေးသူသည် CDF-Mara (late) ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး၊ Mara Army (late) နှင့် CDF-Mara (late) ပေါင်းစည်းရေး တွင် အဓိက ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။

မရာလူမျိုးစု သည် လူဦးရေးအားဖြင့် တစ်သိန်းဝန်းကျင်ရှိပြီး အိန္ဒိယ မရာ နှင့် မြန်မာ မရာဆိုပြီး ပိုင်းခြားခြင်း ခံရသည်။ အိန္ဒိယမရာများသည် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ် တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် (Mara Autonomous District Council) တစ်ခု အောက်တွင် နေထိုင်ကြပြီး မြန်မာ မရာ များမှာမူ ချင်းပြည်နယ် မြို့နယ် သုံးမြို့နယ်တွင် ဖြန့်ကျဲ့နေထိုင်ကြသည်။ မရာလူငယ်များ သည် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း Mara People Concil (MPC) ကို ဖွဲ့စည်းခဲ့ကြပြီး Chinland Defense Force-Mara ကို ကာကွယ်ရေးဠာန တစ်ခု အဖြင့် MPC အောက်တွင် ဖွဲ့စည်းခဲ့ကြသည်။ (အသေးစိပ် သမိုင်းကို မရေးတော့ဘဲ အရေးကြီးသော အချက်များကိုသာ ထုတ်ပြီးတင်ပြသွားမည်)

CDF-Mara ဖျက်သိမ်းပြီး Maraland Defense Force (MDF) ပေါ်ပေါက်လာပုံ

Chinland Defense Force-Mara သည် ၂၀၂၁ အာဏာ သိမ်းပြီးနောက်ပိုင်း မြို့နယ် အလိုက် ၊ လူမျိုးစု အလိုက်ပေါ် ပေါက်လာသော ချင်းလက်နက်ကိုင်အဖွဲ့များ ထဲ မှ အဦးဆုံး ပေါက်ပေါက်လာသော လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ CJDC မပေါ်ပေါက်ခင် ကတည်းက  Joint Military Council (JMC) တွင် Founding Member အဖွဲ့ဝင် တစ်ခု ဖြစ်ခဲ့သည်။ JMC ကို ဖျက်သိမ်းပြီး CJDC ဖွဲ့စည်းမှု တွင်လည်း အဓိက အဖွဲ့ဝင် အဖြစ်ဆက်လက်ပါဝင် ခဲ့သည်။  CJDC office, Victoria Camp တွင် CDF-Mara အမြဲတမ်း ကိုယ်စားလှယ် အချိန်အပြည့် ရှိခဲ့သည်။

၂၀၂၁ အာဏာ မသိမ်းမီ ဖွဲ့စည်းထားသော Mara Army ရှိနေတာကြောင့် မရာလူမျိုးစု အတွင်းတွင် လက်နက်ကိုင် နစ်ဖွဲ့ရှိနေခြင်း သည် မကြာခင် အချင်းချင်းကြား ပဋိပက္ခများ ဖြစ်စေနိုင်​​ သောကြောင့် တစ်ဖွဲအဖြင့် ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ကြိုးပမ်းမှု ရလဒ်အနေဖြင့် Mara Army(MA) နဲ့ CDF-Mara တို့​ကို ဖြုတ်သိမ်းကာ Maraland Defense Force (MDF) အဖြင့် ပေါင်းစည်းခဲ့ကြသည်။ (MA+CDF-Mara =MDF)။ ဤ ဖွဲ့စည်းမှုကို မရာပြည်သူ ၉၅ ရာခိုင်နှုန်းကျော်မှ ထောက်ခံအားပေး ကြိုဆိုခဲ့ကြသည်။ ဤသည်မှာ မရာလူမျိုးများ၏ ကြီးမားသော အောင်မြင်မှု တစ်ခု ဆိုရမည်ဖြစ်သော်လည်းထို အောင်မြင်မှုကို သဝဏ်လွှာ ပို့သည့် ချင်းလက်နက်ကိုင် အဖွဲ့ တစ်စုံတစ်မှ မရှိခဲ့ပေ။ Mindat-CDF သည် MDF နှင့်နီးနီးကပ်ကပ်ရှိနေခဲ့ပြီး မရာအရေးကို စိတ်ရင်းအမှန်ဖြင့် ချဥ်းကပ်ခဲ့သော တစ်ခုတည်းသော ချင်းလက်နက်ကိုင် အဖွဲ့ဖြစ်ခဲ့သည်။

ရွာအခြေခံ CDF-Mara ခွဲ့ထွက် ပြန်လည် ဖွဲ့စည်း

စိတ်မကောင်းစွာဖြင့် အာဏာရူးမူးခြင်းနှင့် ခေါင်း​ဆောင်နေရာ မရခြင်းများကြောင့် MDF မှ လူတစ်ချိူ့နှုတ်ထွက်ခဲ့ပြီး  CDF-Mara ကိုပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ အမှန် မှာ Mara Army ဖျက်သိမ်းခြင်းနှင့်အတူ CDF-Mara ကို ဖျက်သိမ်းပြီး ဖြစ်သည်။ သို့သော် ခွဲ့ထွက်အဖွဲ့ CDF-Mara ခေါင်းဆောင် ​များမှ CJDC ရုံးကို သွားပြီး CJDC ခေါင်းဆောင်များ CNF ခေါင်း​ဆောင်များကို နည်းလမ်းပေါင်းစုံသုံးကာ CDF-Mara ကိုသာ အသိမှတ်ပြုရန် နှင့် MDF ကိုအသိမှတ်မပြုရန် စည်းရုံးခဲ့ကြသည်။

CJDC မှ MDF ကိုအသိမှတ်ပြုမည့်အစား CDF-Mara ကို အသိမှတ်ပြုခဲ့

မရာပြည်သူများ ဖွဲ့စည်းထား​ သော MDF ခေါင်း​ဆောင်များသည်  ၅ ရွာ အခြေခံ ခွဲထွက် CDF-Mara ခေါင်းဆောင်များ ၏ CJDC/CNF ရုံးတွင် MDF အစား CDF-Mara ကို အသိမှတ်ပြုရန်ကြိုးပမ်းမှုမှာ အောင်မြင်မည်မဟုတ်၊ လက်တွေ့မဆန်၊CJDC​ ခေါင်းဆောင် များမှ လက်ခံမည် မဟုတ်ဟုယူဆခဲ့ ကြပြီး အလေးပင်မထားခဲကြပေ။  MDF ခေါင်ဆောင်များက လည်း အဖြစ်အပျက် အမှန်ကို သက်သေ အထောက်အထား များဖြင့် CJDC ခေါင်းဆောင်များကို တင်ပြခဲ့ကြသည်။လိုအပ်ပါက မရာနယ်ကို ကိုယ်စားလှယ်စေလွတ်ပြီး လေ့လာနိုင်ကြောင်း ကို MDF ခေါင်းဆောင်များမှ တင်ပြခဲ့ကြသည်။ CNF/ CJDC ခေါင်းဆောင်များသည် Mara Issue ကို ကောင်းကောင်း နားလည်ကြသည်သာမက MDF ကို မရာပြည်သူ ၉၅ ရာခိုင်နှုန်းကျော် က ထောက်ခံထားသည်ကို ကောင်းကောင်းသိခဲ့ကြသည်။ စိတ်မကောင်းစွာ ဖြင့် MDF ကို CJDC အဖွဲ့ဝင် ဖြစ်ခြင်းမှ ပယ်ဖြတ်ခဲ့ကြပြီး CDF-Mara ကို အစားထိုး အသိမှတ်ပြုကြသည်မှာ အံသြစရာ ကောင်းလှသည်။ နှစ်ဖက်စလုံးကို အသိအမှတ်မပြုရင် ပိုပြီးတရားမျှတ​အုန်းမည် ဖြစ်သည်။သို့သော် ဒီမိုကရေစီ နည်းကျကျ ဖွဲ့စည်းပြီး၊ ပြည်သူထောက်ခံမှု Legitmacy အပြည့်အဝ ရှိသော MDF ကို ငြင်းပယ်ပြီး MDF မှ ခွဲထွက်သော ၅ ရွာအခြေခံ CDF-Mara ကို CJDC အဖြင့် အသိမှတ်ပြုခြင်းသည် CNF ခေါင်းဆောင်များ၏  ညစ်ပတ်သော နိုင်ငံရေး စိတ်ဓာတ်ဟု မှတ်ယူပါသည်။ တစ်ချိုု့ ပြဿနာများသည် ကိုင်တွယ်ရခက်ခဲကြောင်းကို လက်ခံပါသည်။ သို့သော် မရာအရေးသည် လွယ်ကူလှသော ပြဿနာဖြစ်သည်။ မရာ လူမျိုးများ ၏ စည်းလုံးရေး၊တည်ငြိမ်ရေး၊ တိုးတက်ရေးကို မလိုလားသော ကြောင့်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ခွဲထွက်အဖွဲ့ CDF-Mara ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပြီး MDF နဲ့ CDF-Mara ကို ရန်ဖြစ်ခိုင်းရန် ရည်ရွယ်ခဲ့ကြသည်ဟု မှတ်ယူရသည်။ ယနေ့ CDF Mara သည် ခွဲထွက်ခါစ ထက် အင်အားနဲ့နဲ့ပိုကြီးလာခဲ့သည်။ CNF ခေါင်ဆောင်းများ မြင်ချင်ခဲ့ကြသည့် MDF နဲ့ CDF-Mara အချင်းချင်းကြား ပဋိက္ခများကို မြင်ခဲ့ကြပြီ ဖြစ်ပြီး၊ မကြာခင်တွင် လည်း ကြီးမားသော ပဋိပက္ခများ မြင်လာနိုင်ဖွယ်ရှိနေသည်။ ဤသည်မှာ ဦးနေဝင်း ၏ ” Divide and Rule ” ကို CNF ခေါင်းဆောင်များအနေဖြင့် မရာလူမျိုးကို ဖျက်ဆီးရန် အသုံးပြုခဲ့ကြသည် ဟု ဆိုရမည်ဖြစ်သည်။ အကယ်၍ CNF ခေါင်းဆောင်များအနေဖြင့် မရာလူမျိုးကို အမှန်တကယ် စေတနာ ထားပြီး၊ ချင်းအရေးကို စိတ်ရင်းမှန်ဖြင့် ကိုယ်တွယ်လိုပါက MDF ကို အသိမှတ်ပြုပြီး၊ ခွဲထွက် ၅ ရွာ အခြေခံ CDF-Mara ကို အသိအမှတ်မပြုခဲ့သင့်ပေ။ CDF-Mara ကို အားမပေးခဲ့သင့်ပေ၊ လက်နက်များ မထောက်ပံခဲ့သင့်ပေ။ CNF ခေါင်းဆောင်များအနေဖြင့် ရိုးသားခဲ့ကြပါက CDF-Mara ပေါ်ပေါက်လာစရာ အ​ ​ကြောင်း မရှိပေ။ မရာနယ်တွင် လက်နက်ကိုင် ၂ ဖွဲ့ မရှိဘဲ မရာပြည်သူမှ ဖွဲ့စည်းတည်ထောင်သော MDF သာလျှင်ရှိနေမည် ဖြစ်သည်။

MDF ကို ဖြတ်ဆီးရန် နည်းလမ်းပေါင်းစုံ သုံးခဲ့ကြ

အံ့သြစရာ ပိုကောင်းသည်မှာ မရာ နှစ်ဖွဲ့ကွဲထွက်မှုကို ပေါင်းစည်းရေး အတွက် ကူညီအားပေးမည့်အစား ရန်တိုက်ပေးရေးများကိုသာ ပြုလုပ်လာခဲ့ကြသည်။ MDF သည် Dr. Andrew Ngun Chung Lian နှင့် ဆက်စပ်သည်။ CDF-Mara သည် Dr. SaSa ၏ အဖွဲ့ဖြစ်သည် ဟု မဟုတ်မမှန် နိုင်ငံရေးများပြုလုပ်ခဲ့ကြသည်။ MDF သည် ZRA ကဲ့သို့ စကစ နဲ့ပူးပေါင်းသည် စသဖြင့် နည်းလမ်းပေါင်းစုံဖြင့် MDF ကို ပစ်မှတ်ထား ပြီး အထောက်အထားမရှိ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် MDF သည် စကစ နဲ့ပူးပေါင်းသော အဖွဲ့မဟုတ်ကြောင်းကို ယနေ့  လက်ခံကြမည်ဟု ယုံကြည်ပါသည်။

 MDF ကို CJDC မှ ပယ်ထုတ်ခဲ့ပြီး ၊ NUG ထံ တိုင်ကြားစာများ တင်ကြသည်အထိ နည်းလမ်းပေါင်းစုံအသုံးပြုကာ MDF ကိုဖြိုခွင်းရန်ကြိုးပမ်းခဲ့ကြသည်။ MDF ကို ဖြတ်ဆီးရန် ကြိုးပမ်းခြင်းသည် Mara လူမျိုးကို ဖျက်ဆီးရန်ကြိုးပမ်းခြင်း ဖြစ်သည် ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ကြသည်။ သို့သော် တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့၏ စစ်မှန်သော ခွန်အားသည် ပြည်သူထံမှ ဆင်းသက်သည့် သက်သေကို MDF က ပြသနေခြင်းဖြစ်သည်။ ဤနေရာတွင်မပြီးသေးပေ။ MDF ကို AA နှင့်ပူးပေါင်းသည်ဟု ဆိုကာ ပြစ်တင်ဝေဖန်မှုများစွာ ပြုလုပ်လာခဲ့ကြပြန်သည်။ MDF ကြောင့် AA သည်ပလက်ဝထဲကို ဝင်လာရခြင်းဖြစ်သည်ဟု မဟုတ်မမှန် မှိုင်းတိုက်ကြသည်။ အမှန်မှာ AA သည် အာဏာမသိမ်းခင် ကတည်းက ပလက်ဝတွင် အခြေချပြီးဖြစ်သည်။  ပလက်ဝ အရေးတွင် MDF ကိုအပြစ်တင်ရန် တစ်စက်မှ မရှိသေးပေ။

အမှန်မှာ ချင်းညီနောင်များ အနေဖြင့် အချင်းချင်းကူညီရိုင်းပင်းကြရမည့်အစား ၊ မရာ လူမျိုးနှစ်ဖွဲ့ကွဲခြင်းကို တားဆီးကြမည့်အစား၊ မရာလူမျိုးပေါင်းစည်းရေးကို တိုက်တွန်းကြရမည့်အစား လျစ်လျူရှုထားကြသည့်အပြင် နှစ်ဖွဲ့ရန်ဖြစ်ရေးကို အားပေးအားမြောက်ပြုခဲ့ကြသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် CNF/CJDC မှ မရာ အရေးကိုင်တွယ်ပုံကို တခြား ချင်းလူမျိုးစုများ အတုယူစေချင်ပါသည်။ နောင်တစ်ချိန်တွင် ကိုယ့်အလှည့်ရောက်လာနိုင်သည် ကို သတိချပ်သင့်သည်။

နိဂုံး

ထို့ကြောင့် မရာပြဿနာ ကိုယ်တွယ်ပုံကိုကြည့်ခြင်းအား ဖြင့် ချင်းတော်လှန်ရေး ခေါင်းဆောင်များ နှင့် CNF ခေါင်း​ဆောင်တစ်ချို့ကိုစိတ်ပျက်မိသည်မှာ အမှန်ပင်ဖြစ်သည်။ MDF ကို CJDC မှ ပယ်ထုတ်ပြီး မရာကို နှစ်ဖွဲ့ကွဲ ရန်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ကြသည်။ AA နှင့် နီးကပ်ရန် တွန်းအားပေးခဲ့ကြသည်။ AA နှင့် နီးလာပြန်တော့ အပြစ်တင်ကြပြန်သည်။ ချင်းတော်လှန်ရေးခေါင်းဆောင်များအနေဖြင့် အမှန်တရားအတွက် တိုက်ပွဲဝင်ကြရာတွင် အမှန်တရားအပေါ် အခြေခံကြရန်လိုသည်။ ချင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် ချင်းလူမျိုးစုတစ်စု၏ ပြဿနာများကို စေတနာ ရှိရှိကိုင်တွယ်ကြရန်နှင့် ကူညီရိုင်းပင်းကြရန် လိုအပ်လှပါသည်။ ထိုမှသာ ချင်းပြည် တည်ဆောက်ရေး နှင့် ချင်းအမျိုးသား တည်​ဆောက်ရေးတို့ သည် လက်တွေ့ အောင်မြင်နိုင်မည်ဖြစ်သည်။

မှတ်ချက်။ ဤသုံးသပ်ချက်ဆောင်းပါးသည် စာရေးသူ၏အာဘော်သာဖြစ်သည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်