မလေးရှားဝန်ကြီးချုပ်အသစ်အဖြစ် အဲန်ဝါးအီဗရာဟီမ်း သစ္စာဆို

ပြီးခဲ့တဲ့ အပတ်တွင် ကျင်းပခဲ့သော ရွေးကောက်တွင် မည်သည့်ပါတီမှ အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိမှုမရှိသောကြောင့် လွှတ်တော်ကို ဘယ်ပါတီထိန်းချုပ်မလဲ ဝေခွဲမရဖြစ်နေချိန်တွင် မလေးရှားဘုရင် ဆူလ်တန်အပ်ဒူလ်လကတော့ ဝန်ကြီးချုပ်အသစ်ကို ခန့်အပ်လိုပါတယ်။

ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ အဲန်ဝါးအီဗရာဟီမ်း (Anwar Ibrahim) ကတော့ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် နေ့လည်မှာပဲ သစ္စာဆိုခဲ့ပါတယ်။ အဲန်ဝါးအီဗရာဟီမ်းရဲ့ ပါတီဖြစ်တဲ့ Pakatan Harapan ပါတီကတော့ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စလှယ်နေရာအများဆုံး ရရှိထားသော်လည်း အစိုးရဖွဲ့နိုင်သော ပမာဏမရှိခဲ့ပါဘူး။

ခုလို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံလိုက်ရသောကြောင့် အဲန်ဝါးအီဗရာဟီမ်းဟာ နိုင်ငံရေးလောကကိုစတင်ဝင်ရောက်လာပြီး နှစ်ပေါင်း ၂၅ နှစ်အကြာတွင် ဝန်ကြီးချုပ်ဖြစ်သောကြောင့် ယခင်က လူများက ဝန်ကြီးချုပ်ဟောင်း မဟာသီရ်းမိုဟာမတ်ကို အစားထိုးသောသူဖြစ်လိမ့်မည်ဟု ထင်ကြေးပေးခြင်းဟာ ခုတော့ တကယ်ဖြစ်လာပြီဖြစ်ပါတယ်။

316683968_713169276831309_5187821099877568133_n
Perdana Menteri ke-10 mengangkat sumpah di Istana Negara, Kuala Lumpur, 24 November 2022. – SADIQ ASYRAF

သို့သော်လည်း အဲန်ဝါးအီဗရာဟီမ်းဟာ အာရှစီးပွားရေးအကျပ်အတည်းကိုင်တွယ်ပုံနှင့် လိင်တူဆက်ဆံမှုအစရှိသော စွပ်စွဲချက်များကြောင့် ထောင်ကျခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့ ပြစ်ဒဏ်ကို ၂၀၀၄ တွင် ပြန်လည်ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။

ထောင်က လွတ်လာပြီး သူဟာ နိုင်ငံရေးထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ ပါတီ Pakatan Harapan ကို ဦးဆောင်ခဲ့ကာ ၂၀၁၃ နှစ်တွင် UMNO ပါတီကို အနိုင်ရခဲ့ပါတယ်။ သို့သော်လည်း လိင်တူဆက်ဆံမှုဖြင့် ပြန်လည် တရားစွဲခံရပြီးနောက် ၂၀၁၅ မှာတော့ ထောင်ပြန်ကျခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၈ မှာတော့ ဘုရင်က သူ့ကို ပြစ်ဒဏ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဲန်ဝါးအီဗရာဟီမ်းဦးဆောင်မည့် Pakatan Harapan ပါတီ၏ အစိုးရအဖွဲ့ဟာ တိုင်းရင်းသားလူနည်းစု လွှတ်တော်ကိုယ်စလှယ်များဖြစ် ဖွဲ့စည်းထားသော အစိုးရဖြစ်သောကြောင့် မလေးရှားနိုင်ငံသားမဟုတ်သော မလေးလူမျိုးများကတော့ ကြိုဆိုနေကြပါတယ်။ သို့သော်လည်း အတိုက်အခံပါတီဖြစ်တဲ့ PAS ပါတီကတော့ ကွန်ဆာဗဲတစ်မူလဆင်များနဲ့ ပြည့်နေပါတယ်။ ထို့ကြောင့် PAS ပါတီသာ အစိုးရဖွဲ့ပါက မလေးရှားနိုင်ငံတွင် လူနည်းစု တိုင်းရင်းသားများဟာ သူတို့၏ ဘာသာရေးလွတ်လပ်ခွင့်ဆုံးရှုံးမှာကို စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။

316661957_711923576955879_7749842481570570261_n

ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ အဲန်ဝါးအီဗရာဟီမ်း ကတော့ အတူတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းမည်ဖြစ်ပြီး မလေးရှားနိုင်ငံအတွင်းက လူမျိုးစုများအကြားက ဖိနှိပ်မှုများကို လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်နေကြပါတယ်။ ဝန်ကြီးချုပ်ကတော့ ကိုဗစ်-၁၉ အပြင် စီးပွားရေးကျဆင်းမှု ပြဿနာနှင့် နိုင်ငံရေးမတည်ငြိမ်မှုကိုလည်း ဖြေရှင်းရအုံးမည်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်