မီဇိုရမ်တွင်မြန်မာဘက်သို့သယ်ဆောင်မယ့် စစ်ဘက်ဆိုင်ရာပစ္စည်းများနဲ့ သယ်ဆောင်သူ ၇ ဦးဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်မှာ မြန်မာနိုင်ငံသား ၅ ဦးနဲ့အိန္ဒိယနိုင်ငံသား ၂ ဦးတို့သယ်ဆောင်တဲ့ ရူပီး ၁၆ သိန်းတန် စစ်ဘက်ဆိုင်ရာပစ္စည်းများကို စက်တင်ဘာ ၂၁ ရက်က အာသံရိုင်ဖယ်တပ်က ဖမ်းဆီးတယ်လို့ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး Mahendra Rawat က “သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ လေသေနတ်၊ လေသေနတ် ကျည်ဆန်များ၊ တိုက်ခိုက်ရေး ဝတ်စုံများ၊ ရေဒီယို ဝတ်စုံများ၊ နည်းဗျူဟာ အင်္ကျီများ၊ နည်းဗျူဟာ လက်အိတ်များနဲ့ ဖိနပ်များ အပါအဝင် တန်ဖိုးငွေ ရူပီး ၁၆ သိန်းဝန်းကျင် ရှိတယ်” လို့ပြောပါတယ်။

306321614_174877201720822_6293521837197529938_n

သိမ်းဆည်းမိတဲ့ ပစ္စည်းတွေက တပ်မတော်အဆင့်ဖြစ်တာကြောင့် မြန်မာနိုင်ငံအခြေစိုက် သောင်းကျန်းသူများရဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ မြန်မာပြည်မငြိမ်မသက်ဖြစ်အောင် အသုံးပြုဖို့ဖြစ်ပါတယ်လို့ဆက်ပြောပါတယ်။

“ဒီစစ်ဆင်ရေးက အမျိုးသားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူအားလုံးအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုပါ။ စစ်ဆင်ရေးရဲ့ အောင်မြင်မှုက အင်ဒို-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်အောင် ထူထောင်ဖို့ အထောက်အကူဖြစ်စေမယ်” လို့ အိန္ဒိယရဲ့ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်