မူဆလင်ဘာသာဝင်ဖြစ်သွားပြီဟု One Championship ကစားသမား Rodtang Jitmuangnon ပြော

မွေထိုင်းလက်ဝှေ့ကစားသမားတစ်ယောက်ဖြစ်တဲ့ Rodtang ရဲ့ ကြေညာချက်အရ သူဟာ သူ့ရဲ့ ချစ်သူကို ထိုင်းနိုင်ငံတွင် nikah ရိုးရာနဲ့ မင်္ဂလာဆောင်ခဲ့ပြီးနောက် သူဟာ အစ္စလမ်ဘာသာဝင်တစ်ယောက်အဖြစ်သို့ ပြောင်းသွားပြီဟု ပြောပါတယ်။

Rodtang က သူ့လို့ပဲ One Championship ကစားသမားတစ်ယောက်ဖြစ်တဲ့ Aida Looksaikongdin ကို ပြီးခဲ့တဲ့ အပတ်တွင် မူဆလင်ရိုးရာနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

သူဟာ လက်မထပ်ခင်တုန်းက ဗုဒ္ဓဘုန်ကြီးအဖြစ် ပဉ္ဇင်းတက်ပေးခံရပါသေးတယ်၊ သို့သော်လည်း အသက် ၂၅ နှစ်အရွယ်ရှိတဲ့ Rodtang ကတော့ အခုတော့သူဟာ သူ့ ဇနီးရဲ့ ဘာသာကိုသာ ကူးပြောင်းရန် ရွေးချယ်လိုက်ပါတယ်။

“ရှင်းလင်းချင်တာကတော့ အခုတော့သူဟာ မူဆလင်ဖြစ်သွားပါပြီ၊ မူဆလင်အပြည့်အစုံဖြစ်သွားပါပြီ။ သူကတော့ Shahadah ယူပြီးသွားပြီ” ဟု သန့်ရှင်းသော မူဆလင်သစ္စာကို ရည်ညွှန်းပြီး ပြောပါတယ်။
မင်္ဂလာဆောင်ပြီးနောက် သူ့ကို ပရိသတ်တစ်ယောက်က “မူလဆင်ဖြစ်သွားပြီလား?” ဟု မေးခဲ့တာကို “ဟုတ်တယ် Alhamdulillah” (ဘုရားသခင်ဘုန်ကြီးပါစေ) ဟု ပြန်ဖြေခဲ့ပါတယ်။

Rodtang ကတော့ ပြီးခဲ့တဲ့ လများအတွင်း အလုပ်အလွန်များခဲ့ပြီး ပြီးခဲ့တဲ့ လမှာလည်း တရုတ်နိုင်ငံသား Jiduo Yibu ကို kickboxing တွင် အနိုင်ယူခဲ့ပါတယ်။

“The Iron Man” လို့လည်း လူသိများကြတဲ့ Rodtang ဟာ မကြာခင် ခါးပတ် ၂ ခုအတွက် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပါတယ်။

ပထမပြိုင်ပွဲကတော့ အားလုံးမျှော်လင့်နေကြသော flyweight kickboxing champion Superlek ဖြစ်ပြီး လာမယ့်လတွင် စင်္ကာပူနိုင်ငံတွင် ထိုးသတ်မည်ဖြစ်ပါတယ်။ ပြီးတော့ ဒင်ဗာမြို့တွင် မက္ကဆီကို ကစားသမား Edger Tabares နဲ့ သူ့ရဲ့ မွေထိုင်းခါးပတ်ကို ကာကွယ်ထိုးသတ်မည်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မရာလက်နက်ကိုင်တပ်ဖွဲ့ဖြင့်တဲ့ MDF နဲ့ CDF-Mara တို့ တွေ့ဆုံဆွေးနွေးမယ်

၁၄၊ မတ် ၊ ၂၀၂၄ Zalen မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MDF) နဲ့ CDF-Mara တို့ဟာ မရာနယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မရာလူငယ်အဖွဲ့အစည်းအသီးသီးများနဲ့ မရာနယ် ရပ်မိရပ်ဖများရဲ့ အကြိမ်ကြိမ်သဘောထားဆွေးနွေးမှုရလဒ်ဖြင့် မကြာမီတွေ့ဆုံ ဆွေးနွေးသွားကြမယ်လို့သိရပါတယ်။ MDF နဲ့ ...

ဆက်ဖတ်ရန်