မူးယစ်ဆေးသုံးစွဲကာ ခိုးဆိုးလုနှိုက်သော လူငယ် ၄ ဦးကို ဖမ်းဆီး

မူးယစ်ဆေးဝါးသုံးစွဲသည့်အပြင် ခိုးဆိုးလုနှိုက်မှုကျူးလွန်သော လူငယ် ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း တီးတိန်မြို့နယ်ဒေသခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်၌ အဆိုပါလူငယ် ၄ ဦးမှာ ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းခြင်းနှင့် မိသားစုဝတ်ပြုချိန်တွင်  ပတ်ဝန်းကျင်ကိုဒုက္ခပေးနေသည့်အတွက် မေ ၇ ရက်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

စစ်ဆေးချက်အရ ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲသော လူငယ် ၂၀ ဦးထက်မနည်း ရှိနေသေးကြောင်း ထပ်မံသိရှိရသည်ဟု ဆိုသည်။

ယင်းအတွက်ကြောင့် မူးယစ်ဆေးဝါးများကို ရောင်းချနေသူများအနေဖြင့် ထပ်မံရောင်းချမှုမပြုလုပ်ရန်နှင့် ခိုးဆိုးလုနှိုက်သော ဆိုးသွမ်းလူငယ်များထံမှ ပစ္စည်းများကို တန်ဖိုးအနည်းငယ်ဖြင့် ပြန်လည်ဝယ်ယူလက်ခံပေးသူများလည်း ရပ်တန့်ဖို့ ဒေသခံတာဝန်ရှိသူများက အသိပေးထားသည်။

Zalen ad

အထက်ပါအသိပေးချက်များကို အချိန်မီမလိုက်နာပါက နောက်ကြောင်းအားလုံးကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ကြောင်းလည်း တီးတိန်မြို့ ဒေသခံတာဝန်ရှိပြည်သူများဘက်က အထူး သတိပေးထားသည်။

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်