မောင်တောမြို့နယ်တွင် ဗုံးသီးအဟောင်း ဆော့ကစားရာမှ မူကြိုကလေးငယ် တစ်ဦးသေဆုံး

 ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ဝက်ကျိမ်းေကျးရွာတွင် မေလ ၃ ရက်နေ့ ၊ညနေ့ ၄ နာရီအချိန်တွင် မူကြိုကျောင်းသား တစ်ဦး ဗုံးသီးအဟောင်း ဆော့ကစားရာမှ ပေါက်ကွဲပြီး သေဆုံးခဲ့သည်။

အဆိုပါ ဗုံးသီးကို လယ်ကွင်းထဲတွင် ကောက်ရပြီး အိမ်ကိုယူလာစဥ် ဆော့ကစားရင်း လှေကားထိပ်တွင် ပေါက်ကွဲကြောင်း သိရှိရသည်။ ၎င်းဗုံးသီး‌သည် စစ်ကောင်စီတပ်သားများ ရှေ့တန်းထွက်ရာတွင် အသုံးပြုသည့် ၄၀ မမ ဗုံးသီးဟောင်းဖြစ်သည်။

သေဆုံးသွားသည့် ကလေးငယ်သည် မြိုလူမျိုးဖြစ်ပြီး၊ ၎င်းကျေးရွာအနီးတွင် ရက္ခုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်