မြန်မာဘက်ကလည်း ရိနယ်စပ်ဂိတ်ကို ယာယီပိတ်ထား

အိန္ဒိယ-မြန်မာ နယ်စပ်ဖြစ်တဲ့ ရိနယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက မတ်လ (၁၀)ရက်တွင်လည်းကောင်း၊ မြန်မာဘက်ကလည်း မတ်လ (၁၉)ရက်စပြီး ဝင်ထွက်ခွင့်ကို ယာယီပိတ်ထားလိုက်တယ်လို့သတင်းရရှိပါတယ်။

ရိခေါ်ဒါရ်မြို့ လ.ဝ.က ဦးစီးမှူး ဦးမောင်မောင်က “နယ်စပ် ရိခေါ်ဒါရ်မြို့ ဒေသခံတွေကို ကျန်းမာရေးစစ်ဆေးပြီးမှ ဟိုဘက်ကိုဝင်ခွင့်ပြုတယ်။ ဟိုဘက်ကလည်း နယ်စပ်မှာရှိတဲ့ ဇိုခေါ်သာရ်ရွာသားတွေကို ကျန်းမာရေးစစ်ဆေးပြီးမှ ဒီဘက်ကိုဝင်လာခွင့်ပေးတယ်။ ဒါပေမယ့် ဗီဇာနဲ့လာတဲ့ နိုင်ငံခြားသားတွေတော့ ဝင်ထွက်ခွင့်မပေးဘူး။ အခုက ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ စားကုန်တွေလည်း ပိတ်ထားတယ်” လို့ပြောပါတယ်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာမည့် နိုင်ငံခြားသား များအား နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ဗီဇာ၊ ဗီဇာကင်းလွတ်ခွင့်၊ eVisa များဖြင့် ဝင်ရောက်ခွင့် အား ယာယီပိတ်ပင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားသည့် နိုင်ငံခြားသား များအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တို့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက် ထွက်ခွာခွင့်ပြုမယ်လို့သိရပါတယ်။

(Zawgyi)

ျမန္မာဘက္ကလည္း ရိနယ္စပ္ဂိတ္ကို ယာယီပိတ္ထား

အိႏၵိယ-ျမန္မာ နယ္စပ္ျဖစ္တဲ့ ရိနယ္စပ္ဂိတ္ကို အိႏၵိယအစိုးရက မတ္လ (၁၀)ရက္တြင္လည္းေကာင္း၊ ျမန္မာဘက္ကလည္း မတ္လ (၁၉)ရက္စၿပီး ဝင္ထြက္ခြင့္ကို ယာယီပိတ္ထားလိုက္တယ္လို႔သတင္းရရွိပါတယ္။

ရိေခၚဒါရ္ၿမိဳ႕ လ.ဝ.က ဦးစီးမႉး ဦးေမာင္ေမာင္က “နယ္စပ္ ရိေခၚဒါရ္ၿမိဳ႕ ေဒသခံေတြကို က်န္းမာေရးစစ္ေဆးၿပီးမွ ဟိုဘက္ကိုဝင္ခြင့္ျပဳတယ္။ ဟိုဘက္ကလည္း နယ္စပ္မွာရွိတဲ့ ဇိုေခၚသာရ္႐ြာသားေတြကို က်န္းမာေရးစစ္ေဆးၿပီးမွ ဒီဘက္ကိုဝင္လာခြင့္ေပးတယ္။ ဒါေပမယ့္ ဗီဇာနဲ႔လာတဲ့ ႏိုင္ငံျခားသားေတြေတာ့ ဝင္ထြက္ခြင့္မေပးဘူး။ အခုက ပစၥည္းေတြ၊ ဟင္းသီးဟင္း႐ြက္ေတြ၊ စားကုန္ေတြလည္း ပိတ္ထားတယ္” လို႔ေျပာပါတယ္။

ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္မွ ျမန္မာႏိုင္ငံဘက္သို႔ ဝင္ေရာက္လာမည့္ ႏိုင္ငံျခားသား မ်ားအား ႏိုင္ငံကူးလက္မွတ္၊ ျပည္ဝင္ဗီဇာ၊ ဗီဇာကင္းလြတ္ခြင့္၊ eVisa မ်ားျဖင့္ ဝင္ေရာက္ခြင့္ အား ယာယီပိတ္ပင္ထားျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံသို႔ ျပည္ဝင္ခြင့္ဗီဇာ ရရွိထားသည့္ ႏိုင္ငံျခားသား မ်ားအေနျဖင့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ေလဆိပ္တို႔မွ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဝင္ေရာက္ ထြက္ခြာခြင့္ျပဳမယ္လို႔သိရပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်